Ads (728x90)



----------------------------------------------------------------------------
>>နှလုံးသားထဲမှာ ဗုဒ္ဓဘာသာအဖြစ်ခံယူခဲ့ တာကြာပါပြီ - ဆိုသော အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာဝင်အဖြစ်ပြောင်းလဲ ခံယူလိုက်သူ ဦးလှမြင့် တွေ့ ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်<<
==========================================

ကိုယ်ရေးအကျဉ်း
=========

အမည် - ဦးလှမြင့် 
အသက် - ၅၁ နှစ်
လူမျိုး - ကျူလီယာ
နေရပ် - အမှတ် (၁၇၅၆) ၊ ရွှေမေတ္တာအတွင်းလမ်း ၊ ၁/ အနော်မာရပ်ကွက် ၊သာကေတ။
-----------------------------------------------------------------------------------------
မေး - ဗုဒ္ဓဘာသာ ပြောင်းဖို့ အချိန်ဘယ်လောက်ယူခဲ့ ရပါသလဲ ?

ဖြေ - ဗုဒ္ဓဘာသာဝင် အဖြစ်ခံယူဖို့ နှစ်အများကြီး အချိန်ယူခဲ့ ရပါတယ် ။ ဦးလေးအသက် ၃၄ နှစ်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့  အခု ဦးလေးရဲ့ ဇနီး မစန်းနဲ့  အိမ်ထောင်ကျခဲ့ တယ်။ အစ္စလာမ်ဓလေ့ ထုံးစံအတိုင်းပဲလက်ထပ်ခဲ့ ရတယ်။
ဦးလေးဇနီးလည်း အစ္စလာမ်ဘာသာပြောင်းယူခဲ့ တယ်။ဦးလေးမိဘတွေရှိစဉ်ကပေါ့ ။
၂၀၀၀-ခုနှစ်မှာ မိဘတွေကွယ်လွန်ခဲ့ တယ် ။ ၂ ရက် ၁ လပိုင်း ၂၀၁၀ ခှုနှစ်မှာဦးတို့ နေထိုင်တဲ့ ရပ်ကွက်ထဲမှာ ဆွမ်းသိမ်းအောင်ပွဲတရားပွဲကျင်းပတယ်။
စစ်ကိုင်း ခင်မကန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခေမိန္ဒရဲ့ တရားပွဲအပြီးမှာ
ဦးတို့ မိသားစု မဟာဒုတ်ဘုရားမဲပေါက်ခဲ့ တယ်။ မဲပေါက်တဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို
ဦးတို့ နေအိမ်ပင့် ပြီးဗုဒ္ဓဘာသာဓလေ့ ထုံးစံအတိုင်းလက်ခံခဲ့ တယ်။ အဲ့ ဒီအချိန်ကစပြီး ကံ ကံရဲ့ အကျိုးကိုနားလည်ခဲ့ တယ်။ နှလုံးသားထဲမှာ ဗုဒ္ဓဘာသာ
ဖြစ်ခဲ့ တာကြာပါပြီ။ ဒါပေမယ့် တရားဝင်ဗုဒ္ဓဘာသာအဖြစ်ကူးပြောင်းဖို့ ကို အချိန်တွေ
အများကြီးယူခဲ့ ရတယ်။

မေး - ဘာကြောင့် ဗုဒ္ဓဘာသာ အဖြစ်ခံယူချင်တာလဲ ။ တခြားမျှော်လင့် ချက်တစ်ခုခု
များရှိနေလား ..?

ဖြေ - မရှိပါဘူး ဘာမျှော်လင့် ချက်မှမရှိပါဘူး ကံ ကံရဲ့ အကျိုးကိုယုံကြည်လို့ ပါ။

မေး - ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူဖို့  တစ်ဦးတစ်ယောက် ဒါမှမဟုတ် တစ်ဖွဲ့ ဖွဲ့ ရဲ့ 
ခြိမ်းခြောက်မှုများပါနေလား ..?

ဖြေ - မပါပါဘူး ဘယ်သူ့ ခြိမ်းခြောက်မှုမှမပါ ပါဘူး။ ကိုယ့် သဘော ကိုယ့် ဆန္ဒနဲ့ 
ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူခဲ့ တာပါ။

မေး - ဗုဒ္ဓဘာသာနဲ့ ပါတ်သက်လို့ ရော ဘာတွေသိထားသေးလဲ ..?

ဖြေ - အများကြီးတော့ သိမထားပါဘူး။ ကံ ကံရဲ့ အကျိုးရယ် ၊ ငါးပါးသီလရယ်ကြောင့် 
ဒီလောက်ပါပဲ။

မေး - သူတစ်ပါး အသက်ကိုသတ်ရင် ငရဲကြီးတယ်ဆိုတာကို ယုံကြည်လား ..?

ဖြေ - ယုံကြည်ပါတယ်

မေး - အခုလို ကိုယ့် သားလေးကို သာသနာ့ ဘောင်သွင်းပြီး ကိုရင်ဝတ်လေးနဲ့ 
မြင်ရတော့  ရင်ထဲမှာ ဘယ်လိုများခံစားရလဲ ..?

ဖြေ - ပျော်ပါတယ် ၊ ပြောမပြတတ်အောင်ကိုပျော်ပါတယ်။

မေး - ဒီလိုဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလိုက်ရင် အစ္စလာမ် အသိုင်းအ၀ိုင်းက
ပစ္မယ္မွာကို မစိုးရိမ္ဘူးလား ..?

ဖြေ - မစိုးရိမ်ပါဘူး ကိုယ်ယုံကြည်လို့  လွတ်လပ်စွာရွေးချယ်လိုက်တာပဲ ၊
ပြီးတော့ ပစ်ပယ်ရအောင် ဦးမှာ မိဘတွေလဲမရှိတော့ ဘူးလေ ။ ဘာပဲဖြစ်ဖြစ်
ဗုဒ္ဓဘာသာကို ပွင့် ပွင့် လင်လင်း ခံယူလိုက်ရလို့  ကျေနပ်မိပါတယ် ။

တွေ့ ဆုံမေးမြန်းသူ = ၀တ်မှုန် ( လူထုပုံရိပ် - ဂျာနယ် )

>>>>>လူထုပုံရိပ် - ဂျာနယ်မှ ပြန်လည် ကူးယူရေးသားဖော်ပြပါသည်<<<<<


Write By ;
Åüñg Kÿáw Sôë Npg
— with Bug Lab and 19 others.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...