
နိုဝင်ဘာ ၁၆ ရက်၊ စနေနေ့က စင်ကျန်ပြည်နယ်ရှိ ရဲစခန်းတစ်ခုအား ဝင်ရောက်စီးနင်းခဲ့ပြီး အရံရဲတပ်ဖွဲ့ဝင်နှစ်ယောက်အား ထိုးခုတ်ရိုက်သတ်ခဲ့ကြသော အူရဂါမူဆလင် ၉ ယောက်အား တရုတ်တပ်ဖွဲ့များက အသေပစ်ခတ်ဖမ်းဆီးခဲ့သည်။ ထိုဖြစ်ရပ်သည် မငြိမ်မသက်ဖြစ်နေသော တရုပ်ပြည်အနောက်မြောက်ပိုင်း၌ နောက်ဆုံးဖြစ်ပွားသည့် အကြမ်းဖက်မှုဖြစ်သည်။
ထိုသို့ ရဲစခန်းအား အကြမ်းဖက်မှုသည် ကက်ရှဂါခရိုင်၊ ဆီရစ်ဗူယာ (ဆီလီဗူယာ) မြို့နယ်၊ မာရယ်ဗေရှီ (ပါချူ) စီရင်စု၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းစီရင်စု၌ ဧပြီလအတွင်းက အစိုးရတပ်ဖွဲ့ဝင်များနှင့် အူရဂါမူဆလင်များ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ၂၁ ဦး သေဆုံးခဲ့သည်။
ဓါးချွန်း၊ ဓားတို၊ ဓားရှည်၊ ဓားမကြီးများ ကိုင်ဆောင်လာသော အူရဂါမူဆလင်များက ဆီရစ်ဗူယာ ရဲစခန်း၏ ရဲကင်းကို အကြမ်းဖက်တိုက်ခိုက်ပြီး လက်နက်မပါသော အရံရဲနှစ်ယောက်ကို သတ်ပစ်ကာ ပင်မရဲစခန်းကို ချီတက်လာကြသည်ဟု ဆီရစ်ဗူယာရဲစခန်းမှူး လျူချင်းက ပြောကြားသည်။
"ရဲထောက်ကူတွေက ပင်မရဲစခန်းဘက် ထွက်ပြေးလာရတယ်...အဲဒီဘက်မှာတော့ ရဲတွေက လက်နက်တွေ ကိုင်ဆောင်ပြီး တိုက်ခိုက်မှုကို တုံ့ပြန်ခဲ့ကြပါတယ်..."
ဟု လျူချင်းက RFA သို့ ပြောကြားသည်။
"ဒီအချိန်မှာ SWAT တပ်ဖွဲ့ရောက်လာပြီး ပွဲသိမ်းသွားပါတယ်..." ၎င်းက ဆက်လက်ပြောကြားသည်။
မူခင်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးချက်အရ မူခင်းဖြစ်ပွားရာ ဧရိယာ၌ အလောင်း ၁၁ လောင်း တွေ့ရသည်။
"ခုတော့ အခြေအနေကို ထိန်းချုပ်နိုင်ပါပြီ...." ဟု လျူချင်းက ပြောကြားခဲ့သည်။
http://www.rfa.org/english/news/uyghur/shooting-11162013194621.html — with Yamamin Voice.
စိုးပြည့်မှူး
( ဘုန်းကြီးကျောင်းသား )
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။