ရုတ်တရက် ခုန်အပ်ခံရခြင်းကြောင့် လုံးထွေးသွားသည်..။ ကြည့်ရတာကတော့ မြန်မာတစ်ယောက်ပင်..။ အပေါ်စီးရနေသဖြင့် ခုန်ဆင်းလာသူက
မျက်နှာကိုဆင့်ထိုးလေသည်။ ဗိုလ်ကြီးမိုးယံထက်မှာ ရုတ်တရက်ခံလိုက်ရသောလည်ကြောင်မသွား လက်သီးချက်များကိုကာရင်း အပေါ်မှခွစီးနေ
သောသူ၏ မေးစေ့ကို လက်ဖနောင့်နှင့်ရိုက်လိုက်ရာ လန်ထွက်သွားသည်။ ဤသည်ကိုအခွင့်ကောင်းယူ၍ရုန်းထွက်လိုက်ပြီး ပြုတ်ကျသွားသော.
ပစ္စတိုကိုကောက်၍ထိုးချိန်လိုက်သည်.။ တဖက်လူကလဲမခေ..။ ပစ္စတိုကို ပုတ်ထုတ်လိုက်ပြီး ဘယ်ညာ လက်သီးချက်တွေဝင်လာသည်.။ ထိုးပုံ
ထိုးနည်းကို ကြည့်ရတာ Boxing သမားနှင့်တူသည်။ ဗိုလ်ကြီး မိုးယံထက် ခပ်ရဲ့ရဲ့ပြုံးလိုက်သည်။ စစ်တက္ကသိုလ် Boxingလက်ရွေးစင် မိမိအနေ
နှင့်က ဒိလောက်တော့အေးဆေး.။ သိပ်တွေးမနေတော့...။ ဘယ်ညာတွဲလုံးများကို ဆက်တိုက်ထိုးလွှတ်လိုက်..။ တဖက်လူကလဲ ယိမ်းနွဲ့ကာရှောင်
သည်..။ တော်ရုံတန်ရုံထိုးတတ်သူမဟုတ်မှန်း အရမ်းသိသာသည်.။ ဒီအတိုင်းကြာနေလို့မဖြစ် နောက်လူတွေ ရှိနေသေးရင် ပြဿနာကြီးနိုင်သည်။
မျက်နှာရှေ့ကကာထားသောလက်ကိုဟပေးကာရှေ့ကိုတိုးလိုက်သည်။ တဖက်လူကလဲမြင်သဖြင့် ဟာသွားသောနေရာကို ဖြောင့်လက်သီးပစ်သွင်း
သည်။လက်ကြားထဲဝင်လာသော တဖက်လူ၏လက်ကို ဆတ်ခနဲဆွဲယူလိုက်ရာ တဖက်လူက ယိုင်ထိုးပြီးရှေ့သိုပါအလာတွင် ပေါင်ကြားထဲပစ်ကန်
လိုက်ရာ အူး ခနဲ့ အသံနှင့်အတူခွေညွှတ်ကျသွားသည်။ ဒါကတကယ်အသက်လုပွဲ စည်းမျဉ်းစည်းကမ်းတွေ ထားနေလို့မရဘူးလေ..။ ထိုမှကျသွား
သော ပစ္စတိုနှစ်လက်ကိုကောက်ယူလိုက်သည်..။ ထိုစဉ်မှာပင် တက်မခန်းအ၀င်ဝရုတ်တရက်မှောင်သွားသည်ကို သတိထားလိုက်မိသဖြင့်. လဲချ
လိုက်ပြီး ပစ္စတိုနှင့်ထိုးချိန်လိုက်သည်..။ လူတစ်ဦး လက်ထဲမှာက M-16နှင့် သိပ်များများတွေးမနေတော့ သေနတ်မောင်းခလုတ်ကို ဆက်တိုက်.
ကွေးချလိုက်သည်။ ကြေးပြားဖုံး ခဲကျည်ဆံနှစ်တောင့်က ပစ်မှတ်စီသို့ပြေးဝင်သွားသည်။ အနီးကပ်ဖြစ်နေသည်ရော..နဂိုကလေ့ကျင့်သားပြည့်
ဝနေသည်ရောကြောင့် ကျည်ဆံနှစ်တောင့်က သေနတ်ကိုင်လူ၏ ဘယ်ညာရင်ဘတ်ထဲ ခိုဝင်သွားလေသည်။ လှည့်ကြည့်စရာမလို့တော့..။ အဆုတ်
နှင့် နှလုံး ကွက်တိ။ ထိုလူကတော့ ကျည်တွန်းကန်သည့်အရှိန်နှင့် နောက်လန်ပြီး ပင်လယ်ထဲထိုးဆင်းသွားသည်။
အခြေအနေကိုတစ်ချက်ကြည့်လိုက်ပြီး ရေယာဉ်ကိုထိန်းချုပ်မှုယူလိုက်သည်..။ အင်ဂျင် ဖရီးလုပ်ခြင်း သင်္ဘောဦးကို လိုင်းလာရာကို ထိုးပေးလိုက်
ရင်း အခြေအနေကိုစောင့်ကြည့်လိုက်သည်..။ ထိုစဉ်အင်ဂျင်ခန်းမှ သေနတ်သံကြားရပြီးနောက် ခဏတွင် အင်ဂျင်မှာ တက်လိုက် ကျလိုက် သုံးကြိမ်
ဖြစ်သွားသည်..။ အိုကေ အင်ဂျင်ခန်း ရပြီး အထိအခိုက်မရှိ..။ အင်ဂျင်ကို ဂီယာပြန်ထိုး၍ လှိုင်းလွတ်ရာသို့ဦးတည်လိုက်ကာ စစ်ရေယာဉ်မှူးနှင့်ကြို
တင်တိုင်ပင်ထားသော ခိုမည့်နေရာသို့မောင်းနှင်လိုက်သည်.. အနောက်ဘက်သွားသော အဖွဲ့တစ်ဖွဲ့မှာ အကြောင်းပြန်ချက်မရသေး။ ရှင်းတုန်းထင်
သည်..။ အင်ဂျင်ကို စက်ကုန်မောင်းတင်လိုက်သည်..။ ရာသီဥတုအခြေအနေကလဲ ပြောမရသောကြောင့် ခိုအောင်းရာသို့အမြန်ရောက်ရန် အားထုတ်
လိုက်သည်။ မိမိတို့စစ်ရေယာဉ်ကတော့ ဘေးနားမှ ကိုက် ၃၀၀ ခန့်ခွာ၍လိုက်ပါလာသည်...။ ထိုစဉ်အောက်၌ အစောင့်ထားခဲ့သော စစ်သည်အခန်းထဲ
ဝင်ရောက်လာသည်။ အင်ဂျင်ခန်းအားလုံးအစဉ်ပြေကြောင်း တစ်လောင်းတစ်လက်ရကြောင်း သတင်းပို့လေသည်။ ထိုအခါခွကြားကန်ခံရသဖြင့်သတိ
လစ်နေသောသူကို မေးငေါ့ပြလိုက်ရာ ခါးကြားမှ လက်ထိပ်ကိုယူကာ ခတ်လိုက်ပြီး လက်နက်ကိုရှာလိုက်တော့ ခြောက်လုံးပြူးတစ်လက်ထွက်လာသည်။
ထိုစဉ်ဆက်သွယ်ရေးစက်မှ
“ ငါးမန်းမှခေတ္တာ ငါးမန်းမှခေတ္တာ အသံဘယ်လောက်ကြားလဲ”
ဟူသော အသံထွက်ပေါ်လာသည်။ မိမိစစ်ရေယာဉ်မှ အဆက်အသွယ်ပြုလုပ်ခြင်းပင်...။
“ ခေတ္တာမှငါးမန်း အသံငါးကြားတယ် ပို့ပါ“
“ အခြေအနေလေးပို့ပါ..”
“ သုံးကောင်စားရတယ် ဒုတ် သုံးချောင်းရတယ် ပြန်အကိုက်မခံရဘူး ရလား”
“ ရထားပါ သုံး သုံး သုညဖြစ်တယ် မှန်လား”
“ မှန်တယ် ငါးမန်း နီလာ အသံမကြားရသေးဘူး ရရင် ဆက်ပေါက်မယ် ရလား”
“ရထားပါ.ရထား ခေါင်းပေါင်းက ထပ်လွှတ်ဖို့ပြောပါတယ် ရလား”
“ရထား တယောအပေါင်း၁ သွားလိုက်ပါ့မယ်လို့ ရလား”
“ရထား တယောအပေါင်း၁ သွားမယ်”
လှေသိမ်းအဖွဲ့ ဒုခေါင်းဆောင်နှင့်လွှတ်လိုက်သော တစ်ဖွဲ့မှာ ဘာအကြောင်းပြန်ချက်မှမရသေးကြောင်း သတင်းပို့လိုက်ရာ လူထပ်လွတ်ရန် အကြောင်းကြား
ခြင်းဖြစ်သည်။ အနားတွင်းရောက်နေသော စစ်သည်ကို အင်ဂျင်ခန်းမှာတစ်ယောက်သွားခေါ်ရန် ပြောမည်ပြုစဉ်.. ဒုအဖွဲ့ခေါင်းဆောင်မှာ မောကြီးပန်းကြီးနှင့်
ရောက်လာသည်။
“ G.O အနောက်မှာတစ်ယောက်ရှိတယ် G.O နဲ့တွေ့ချင်တယ်ပြောလို့”
“ ဟာကွတွေ့ချင်တယ်ပြောလဲ တွေ့စရာလားဖမ်းလာခဲ့လိုက်ပေါ့...”
“ မဟုတ်ဘူး G.O အခုဟာက အမျိုးသမီးတစ်ယောက် ကိုယ့်ခေါင်းကို ပစ္စတိုနဲ့တေ့ချိန်ထားတယ်။ ပြီးတော့ ခေါင်းဆောင်ကိုတွေ့ချင်တယ်ပြောတာ
မဟုတ်ဘူး နာမည်နဲ့ကို အတိအကျခေါ်နေလို့..ပြီးတော့”
“ဟေ”
စကားကိုတောင်းဆုံးအောင်နားမထောင်နိုင်တော့ ဗိုလ်ကြီးမိုးယံထက်တစ်ယောက် အံသြစွာဖြင့် ပါးစပ်ဟောင်းလောင်းဖြစ်သွားသည်...။ ဟုတ်လဲဟုတ်သည်လေ
ဒီလိုအနေအထားမျိုးမှာ အမျိုးသမီးတစ်ဦးပါမည်ဟု မထင်မိ..။ စစ်ရေယာဉ်မှူးကလဲ ဘာကြောင့်ပဲဖြစ်စေ အမျိုးသမီးနှင့်ကလေးများကို မထိခိုက်စေရန်ညွှန်ကြား
ထားသည်ဆိုတော့ လုပ်ရကိုင်ရကျပ်နေသည်။ အခုလဲ ထိုအမျိုးသမီးက သေနတ်နဲ့ ကိုယ့်ကိုယ်ကို ချိန်ထားပြီး နာမည်ကိုပါ အတိအကျခေါ်နေတယ်ဆိုတော့....
ဗိုလ်ကြီးမိုးယံထက်အတွက် ထူးဆန်းနေလေသည်..။ ဘယ်သူလဲ.။ စိတ်ထဲမှာ မေးခွန်းပေါင်းများစွာနှင့်..တပည့်ကို တက်မလွှဲပေးပြီး ဒုခေါင်းဆောင်နောက်သို့...
လိုက်ပါသွားလိုက်သည်..။ အရင်ဆုံးမြင်ရသည်က BA(94)ကို အသင့်အနေအထားနှင့်ထိုးချိန်ထားသော တပည့်ကျော် ကျွဲကြီး..။ ချွေးသီးချွေးပေါက်တွေတောင်
ကျနေသည်...။ အေးလေ သူလဲ လုပ်ရကိုင်းရကျပ်မှာပေါ့ဟုတွေးရင်..ထိုးချိန်ထားသောနေရာကိုကြည့်လိုက်သည်..။ နက်မှောင်သောဆံပင်ကြားတွင် သွယ်တန်း
လှသော လက်ချောင်းဖြူဖြူလေးတွေနှင့် မလိုက်အောင် ကိုင်ထားသော နက်မှောင်နေသည် ပစ္စတိုပြောင်းဝကတိုးဝင်နေသည်..။ မျက်နှာကတော့ ဆံပင်ကွယ်နေ
သဖြင့်မမြင်ရသေး။ ထိုစဉ်မှာ တပည့်ကျော်က ဂျီအိုဟု လှမ်းခေါ်တော့ လှည့်ကြည့်လိုက်သည်..။ လက်အသာကာပြရင် ပစ္စတိုကိုလဲ အသင့်အနေအထား လုံခြုံရေး
ခလုတ်ဖြုတ်ထားလိုက်သည်.။ ထိုမှ တပည့်ကျော်က ချိန်ထားသော သေနတ်ပြောင်းကို အောက်နိမ့်လိုက်သည်..။ နောက်သို့လှည့်မည်ပြူစဉ်
“ ကို လို့ပဲခေါ်ရမှာလား ငမိုးလို့ပဲ ခေါ်ရမှာလား ဗိုလ်ကြီး မိုးယံထက်”
ဟူသော ချိုလွင်သည့် အသံကထွက်ပေါ်လာသည် ဒီအသံ ဟုတ်သည် ဒီအသံက တစ်သက်မမေ့နိုင်သောအသံ ချိုချိုလေး..။ ဗိုလ်ကြီးမိုးယံထက် တစ်ကိုယ်လုံး...
တောင့်တင်းသွားသည်..။ မဟုတ်ပါစေနဲ့လို့ စိတ်ထဲကအတင်းတောင်းဆိုရင်း လှည့်ကြည်မိသည်.။ ဆုတောင်းကမပြည့် ထင်ထားသည့်အတိုင်း သူရဲ့ တစ်ချိန်က
ကြွေ...။ အရင်အတိုင်းလှနေဆဲ အရင်အတိုင်းချစ်ဖို့ကောင်းနေဆဲ..နှုတ်ခမ်းပေါ်က မဲ့ပြုံးကလဲ မပြောင်းလဲပဲရှိနေဆဲပင်...။ ဗိုလ်ကြီးမိုးယံထက်၏ စိတ်များက....
(၁၀)တန်းကျောင်းသား ဘ၀ ငယ်စဉ်ကာလစီသို့ တရှိန်ထိုးမောင်းနှင်သွားလေတော့သည်.....။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။