Ads (728x90)


အမေရိကန်ရေတပ်စခန်း ပစ်ခတ်မှုကြောင့် လူသေဆုံးမှုရှိ

17.09.2013

ဝါရှင်တန်ဒီစီမြို့တော် အရှေ့တောင်ဘက်ခြမ်းက အမေရိကန်ရေတပ်ဌာနချုပ် စခန်းတစ်ခုမှာ ဒီကနေ့မနက်အစောပိုင်းက သေနတ်သမားတစ်ဦးက ပစ်ခတ်တာကြောင့် လူအများအပြား ဒဏ်ရာရပြီး ၁ ဦးထက်မနည်း သေဆုံးသွားပြီလို့ အမေရိကန်စစ်ဘက် တာဝန်ရှိသူတွေကပြောပါတယ်။

ဒဏ်ရာရသူအရေအတွက်ကို အတိအကျ မသိရသေးဘဲ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရထားတယ်လို့ CNN၊ NBC စတဲ့ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်သံသတင်းဌာနတွေက ပြောနေသလို၊ သေဆုံးသူ ဒီထက်များနိုင်တယ်ဆိုပြီးတော့ လည်း ပြောနေတာတွေရှိပါတယ်။

CNN ရဲ့ တိုက်ရိုက်ထုတ်လွှင့်ချက်တစ်ခုမှာတော့ သေနတ်သမားလို့ ယူဆရသူဟာ အရပ် ၆ ပေလောက်ရှိတဲ့ လူမည်းတစ်ဦးဖြစ်ပြီး ဂျင်းဘောင်းဘီအမဲ၊ အင်္ကျီအမဲ ၀တ်ထားတယ်လို့ပြောပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင် ၂ ယောက် ပါဝင်တယ်လို့လည်း သတင်းတွေက ပြောပါတယ်။ အခင်းဖြစ်ရာနေရာတ၀ိုက်မှာ လူသူ အသွားအလာမရှိဘဲ ရုံးတွေ၊ ကျောင်းတွေနဲ့ ဆိုင်တွေကို ပိတ်ထားပါတယ်။ အနီးနားက ရေဂင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အစောပိုင်းက ပိတ်ခဲ့ပေမဲ့ အခုတော့ ပြန်ဖွင့်နေပြီလို့ အမေရိကန်သတင်းတွေမှာ ပြောဆိုနေပါတယ်။

သေနတ်သမားကို အခုချိန်ထိ မမိသေးဘဲ လုံခြုံရေးတပ်ဖွဲ့တွေက ပိတ်ဆို့ရှာဖွေနေဆဲဖြစ်ပြီး၊ သေနတ်သမားတယောက်ထဲမဟုတ်ဘဲ ၃ ဦးဖြစ်တယ်လို့လည်း သတင်းတွေက ပြောပါတယ်။ အခင်းဖြစ်နေတဲ့ ရေတပ်စခန်းဟာ အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အဦးနဲ့ ၁ မိုင်ကျော်ကျော်ပဲ ဝေးပြီး၊ သမ္မတအိမ်ဖြူတော်နဲ့ဆိုရင် ၂ ဒဿမ ၆ မိုင်ပဲ ဝေးပါတယ်။

လူပေါင်း အနည်း ဆုံး ၁၂ ဦးသေဆုံးခဲ့ ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ပါတယ်။

ပစ်ခတ်သူဟာ အသက် ၃၄ နှစ်အရွယ် Aaron Alexis ဆိုသူဖြစ်ပြီး ရေတပ် မှာ IT နည်းပညာပိုင်းမှာ တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်တယ်လို့ သိရပါ
တယ်။

Aaron Alexis ဟာ တာဝန် ပေါ့လျော့မှုတွေ တော်တော် များများအတွက် အရေး ယူခြင်းခံခဲ့ရသူ ဖြစ်ပြီး နောက်ကြောင်း မကောင်းလှသူ၊ စိတ်တို စိတ်ဆတ်သူ ဖြစ်ကြောင်း သိရှိရပါတယ်။

သူဟာ ၂၀၀၇ ကနေ ၂၀၁၁ ခုနှစ်အထိ ရေတပ်ရဲ့ နည်းပညာပိုင်းမှာ တာဝန် ထမ်းဆောင်ဖူးသူ ဖြစ်ပါတယ်။

သူဘာကြောင့် အလုပ်က ထွက်သွားခဲ့ပြီး အခုလို လုပ်ဆောင်ခဲ့တယ် ဆိုတာတွေကတော့ အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အခုအခင်းဖြစ်ပွားခဲ့တဲ့ ရေတပ်စခန်းမှာ အလုပ်လုပ်ကိုင်သူပေါင်း ၃၀၀၀ ရှိတယ်လို့ ဆိုပါတယ်။

VOAcredit > Shan News

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...