Ads (728x90)





အနော် နိုင်ငံရေးဆိုတာကိုစိတ်မ၀င်စားဘူး ဒါပေမယ့်  နိုင်ငံ့ အရေးကိုတော့ စိတ်ဝင်စားတယ်  အချို့ အချို့ တွေ  နိုင်ငံရေးနိုင်ငံရေးနဲ့  အော်နေလုပ်နေကြတာမြင်တယ် ကြားတယ် သူတို့ တကယ် ကို နိုင်ငံရေးလုပ်နေတာလားဆိုတော့ မဟုတ်ဘူး  တလွဲဆံပင်ကောင်း လုပ်နေကြတာ  နိုင်ငံ့ အရေးကိုလုပ်နေကြတာမဟုတ်ဘူး သူတို့ အရေးသူတို့ လုပ်နေကြတာတွေ  ရာထူးလိုချင်လို့ နေရာလိုချင်လို့  အာဏာလိုချင်လို့ ဆိုတာတွေချည်းပဲ နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာနေပီးလုပ်ချင်တာလုပ်နေကြတာလေ တကယ်က နိုင်ငံရေးဆိုတာ နိုင်ငံ့ အရေးကိုလုပ်မှ နိုင်ငံရေးဆိုတာဖြစ်တာပါ ကျွန်တော့် အသက်ခုမှ 20 ကျော်ပဲရှိပါသေးတယ် ကျွန်တော်တောင် ဒီလောက်တွေးတတ်နေရင် ကျွန်တော့် ထက်အသက်ကြီးတဲ့ သူတွေ ပိုပြီးတော့ တွေးတတ်မှာပါ ဒါပေမယ့်  အချို့ မတွေးတတ်သူတွေအများကြီးတွေ့ နေရတုန်းပါပဲ သူတို့ ကိုယ်သူတို့ နိုင်ငံရေးသမား ဆိုပြီးဂုဏ်ယူဝံ့ ကြွားနေတဲ့ သူတွေ လက်မထောင်နေတဲ့ သူတွေအများကြီးပါ နိုင်ငံရေးဆိုတာကိုသေသေချာချာသိရဲ့ လားမေးကြည့် ဘာမှမသိဘူး အချို့ အချို့ သော သူတွေ ရှိပါသေးတယ် နိုင်ငံရေးဆိုတာနဲ့ လက်ရှောင်တတ်သူတွေ  နိုင်ငံရေးဆိုတာနဲ့  ဆူပူမှုတွေလုပ်တာတွေကို မျက်လုံးထဲပြေးမြင်တတ်သူတွေ ဒုနဲ့ ဒေးပါပဲ အဲ့ ဒါတွေက တကယ့် နိုင်ငံရေးမဟုတ်ပါဘူး အဲ့ လိုလုပ်နေသူတွေက နိုင်ငံရေးလုပ်နေသူတွေမဟုတ်ဘူး ကျွန်တော် စောစောကပြောသလိုပဲ အာဏာရူးနေတာ နေရာလိုချင်နေတာ ရာထူးတွေ ဂုဏ်သိမ်တွေလိုချင်နေတဲ့ သူတွေလုပ်တဲ့ လုပ်ရပ်တွေပါ တကယ်နိုင်ငံရေးဆိုတဲ့ နိုင်ငံ့ အရေးကို လုပ်ချင်တဲ့ သူလုပ်တဲ့ သူဆိုတာ
ဘာကိုမှ မမက်မောတတ်သူမျိုးတွေပဲလုပ်သင့် တာတွေပါ စည်းစိမ်းဥစ္စာတွေ ဆိုတာတွေကို မယစ်မူးတတ်သူတွေ ပဲ နိုင်ငံ့ အရေးကိုလုပ်သင့် တာပါ ယစ်မူးတတ်သူတွေ နိုင်ငံရေးလုပ်လို့ ကတော့  ငါ့ ဖို့  ငါ့ အိမ်ဖို့  ငါ့ မိသားစုဖို့  ငါ့ ဆွေမျိုးတွေဖို့ ဆိုတာမျိုးတွေ ပဲဖြစ်ကုန်မှာ တကယ့် နိုင်ငံ့ အရေးကိုလုပ်တဲ့ သူတော့ ဖြစ်လာမှမဟုတ်ဘူး
လူတိုင်းနားလည်သင့် တာက နိုင်ငံရေးဆိုတာနဲ့  ဟာ ငါတော့ နိုင်ငံရေးစိတ်မ၀င်စားဘူး နိုင်ငံရေးမလုပ်ဘူး နိုင်ငံရေးအကြောင်းဘာမှမသိချင်ဘူးလို့ တော့ မလုပ်လေနဲ့  ဒီမြေဒီရေ ဒီနိုင်ငံမှာနေမှတော့ ဒီနိုင်ငံ့ အရေးကို မသိကျိုးကျွန်ပြုနေလို့ ဖြစ်ပါ့ မလား ဆူဆူပူပူမျိုးတွေဖြစ်အောင်လုပ်တဲ့ အရာကိုမှနိုင်ငံရေးမြင်နေတာမကောင်းဘူး
မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်နေပြီဆိုရင် မြန်မာနိုင်ငံရဲ့ အရေးကို ကိုယ့် အရေးလို့ သဘောထားပြီး ကိုယ်တတ်နိုင်တဲ့ ဘက်ကိုယ်စွမ်းဆောင်နိုင်တဲ့ ဘက်ကနေနိုင်ငံ့ အရေးကို ကူညီပေးလုပ်ဆောင်ပေးရမယ် ဒါကမှစစ်မှန်တဲ့ နိုင်ငံရေးလုပ်တာပဲ  ကျောင်းဆရာ/ဆရာမ တစ်ဦး ကျောင်းစာသင်နေတာလဲ နိုင်ငံ့ အရေးလုပ်နေတာပဲ ဆရာဝန်တစ်ယောက် ဆေးကုသပေးနေတာလဲ နိုင်ငံ့ အရေးလုပ်နေတာပဲ အများကြီးအများကြီးပေါ့ ဗျာ နောက်ဆုံးကုန်ကုန်ပြောရရင် စည်ပင်က အမှိုက်ကောက်တဲ့ သူ အမှိုက်သိမ်းဆည်းတဲ့ သူတွေလဲ နိုင်ငံ့ အရေးလုပ်နေတာပဲ အဲ့ လိုပဲ လူတိုင်းလူတိုင်း နိုင်ငံသာံးတိုင်း နိုင်ငံရေးဆိုတာကို စိတ်ဝင်စားမှဖြစ်မယ် ကိုယ်တိုင်ကိုယ်ကျ နိုင်ငံရေးဆိုတာကိုလုပ်မှဖြစ်မယ် “တစ်ယောက်အားဖြင့် တွန်းသော်က မရွေ့ နိုင်သော်လည်း အများအားဖြင့် တွန်းကရွေ့ နိုင်သည်” ဆိုတဲ့ စကားပုံလေးတွေလိုပဲ တစ်ယောက်ထဲပဲလုပ်လို့ မရဘူး အများအားနဲ့ လုပ်ဆောင်မှ အရာရာက လျင်လျင်မြန်မြန်နဲ့ အောင်မြင်နိုင်မှာ ရှေ့ ရောက်နိုင်မှာ ဒီတော့ ခင်ဗျားတို့  ကျွန်တော်တို့  နိုင်ငံရေးမဟုတ်တဲ့  နိုင်ငံ့ အရေးလုပ်ဖို့ စိတ်ကူးကြပါ ခေါင်းမရှောင်ကြပါနဲ့  လို့ ပြောချင်တယ် ကိုယ် ကျရာနေရာကနေ ကိုယ်တတ်စွမ်းနိုင်သလောက်နိုင်ငံ အတွက်အကျိုးရှိနိုင်မယ့် အကျိုးဖြစ်နိုင်မယ့် အရာတွေကို လုပ်ဆောင်ကြပါလို့ တိုက်တွန်းချင်တယ် အဲ့ ဒါကြောင့်  နိုင်ငံရေးမဟုတ်တဲ့  နိုင်ငံ့ အရေးလုပ်ကြရအောင်ဗျာ......

ဘာရယ်မဟုတ်ပါဘူး  Link => https://www.facebook.com/buglabz/posts/129155163948549 မှာ တင်ထားတာလေးကိုဖတ်ပြီးဒါလေးကိုရေးဖြစ်သွားတာပါ နိုင်ငံရေးဆိုတာကို အမြင်မှားနေကြသူတွေအမြင်မှန်ရအောင်လို့ မသိသော်လဲ အသိလုပ်ပီးရေးပေးလိုက်ရတာပါ အမှားပါရင်တော့ ခွင့် လွှတ်ပေးကြစေလိုပါတယ် ကျွန်တော် နိုင်ငံရေးသမားတစ်ယောက်မဟုတ်ပါ သာမန်လူငယ်တစ်ယောက်ပဲဖြစ်ပါတယ်ဗျာ   :)
 
by Åüñg Kÿáw Sôë (Notes) on Monday, 20 May 2013 at 06:27

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...