Ads (728x90)

Photo: "ပုထုဇဉ်တို့ မကြောက်တာမှန်သရွေ့  မသိလို့ ချည်းပဲ"

တစ်ဖက်အကြောင်း ကောင်းကောင်းမသိလျှင် မသိသလောက်
မနောစွန်း စေတနာကြီးနေတတ်ပြီး၊ စေတနာကြီးသလောက် မာနမီး
ထတောက်နေတတ်တယ်။ တစ်မတ်သားလောက် ပြစ်မှား၊
တစ်မတ်သား ကြွေးတင်ရော၊ ငါးမူးသားမသိတော့ ငါးမူးသား ပြစ်မှား၊
ငါးမူးသားကြွေးတင်ရော။ တစ်ကျပ်သားမသိ တစ်ကျပ်သား အပြစ်ရှာ၊
တစ်ကျပ်သား ကြွေးတင်လာရော။ ကြွေးယူ ပြစ်မှားတော့ စိတ်၊
ခံစရာရှိတော့ စိတ်ရော စိတ်နားရာ ကိုယ်ပါခံရမယ်။ ကြွေးမှန်သမျှ
အရင်းမက အတိုးအညွန့် ပါတဲ့  ကြွေးမျိုးတင်မိခဲ့လျှင် အတိုးက အိပ်ပျော်
နေတယ်လို့  မရှိ၊ နားနေတယ် ရယ်လို့ လည်း မရှိ၊ လူလူချင်းလို
လျော်ပစ်လို့ လည်း မရတတ်ဘူး။

ရှင်မဟာမောဂ္ဂလာန် ခိုးသားငါးရာတို့ က ကာဠီကျောက်ဖျာပေါ်မှာ
စိစိညက်ညက် ၀ိုင်းထုကြ၊ သတ်ကြတာ သူပြစ်မှားမိခဲ့ ဖူးတဲ့ မိခင်က
လိုက်တောင်းတာမဟုတ်ဘူး။ မိခင်က ကြွေးယူစဉ်တုန်းကပင်
လျော်ပစ်ပြီးသားပဲ။ သူ့ စေတနာမှာ ကပ်ပါနေတဲ့ အနုသယ လက်ငုတ်များကသာ
အရင်းမှာ အတိုးပါ လိုက်လံတောင်းတာ မဟုတ်လား။

ဃောသက တိဿရဲ့ ရာဇ၀င် ပြန်ကြည့်။
တစ်ဘ၀က ကျောင်းထိုင်ဘုန်းကြီး၊ သူ့ ကျောင်းလာတည်းတာက ရဟန္တာ။
ရွာကျောင်း ဒကာက ဆွမ်းပင့်ကပ်တာ၊ သည်ဧည့်ရဟန်းကောင်းတာတွေ
စားမိပြီး မပြန်ဘဲများ နေမှဖြင့် စိတ်ကပြစ်မှား၊ အားမရတော့ စိတ်က ကိုယ်နှုတ်
လှုံ့ ဆော်ပြီး ရဟန္တာပြစ်မှားပွဲကြီး ကျင်းပလိုက်တာ ၊
ဘယ်မလဲ သူ့ ခဗျာ ဘုရားလက်ထက် ရဟန္တာဖြစ်တဲ့အထိ ပရိနိဗ္ဗာန်
စံခါနီး ဆဲဆဲအထိ ဒုဗ္ဘိကန္တရကပ်ဆိုတဲ့ အငတ်ဘေးကြီး ဆိုက်သွားရှာပါလေရော။

အကယ်တိတိ သည်လိုသာ သားတို့ သမီးတို့  သဘောပေါက်ခဲ့လျှင် ကိုယ့်စိတ်ကိုယ်
ဘယ်သူမှ ပေါက်လွှတ်ပဲစား ပြစ်မှားရဲကြမှာ မဟုတ်ဘူး။ ဘယ်သူမှ သူတစ်ပါး
စားကျက်ထွက်စားစေမှာ မဟုတ်ဘူး။
ပုထုဇဉ်တို့ ရဲ့  မကြောက်တာမှန်သရွေ့  မသိလို့ ချည်းပဲ။

မဟာဗောဓိမြိုင်ဆရာတော်ကြီး

မေတ္တာဖြင့် စုစည်းသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...