Ads (728x90)




အဆိုပါ ကိစ္စနှင့်ပါတ်သက်၍ ထိုစဉ်က အိန္ဒိယ သံတမန်တစ်ဦးက ယခုလို သူ့သဘောထားကို ပေးခဲ့သည်။ NLD ပါတီဝင်တို့သည် အမှန်တကယ် အကြမ်းမဖက်ရေး လမ်းစဉ်၊ ဂန္ဒီဝါဒီများဖြစ်ကြပြီး မတရားသော အာဏာမှန်သမျှ ဖီဆန်ရေး၏ ရည်ရွယ်ချက်ကို သဘောပေါက်ကြမည် ဆိုလျင် ရွေးကောက်ပွဲတွင် အနိုင်ရလိုက်ပြီဆိုသည်နှင့် ရွေးကောက်ပွဲ ကာလအတွင်း န၀တ ဖွင့်ပေးထားသော လွတ်လပ်မှုကို ချက်ချင်း လက်ဦးမှု ရယူ၍ အမြတ်ထုတ်သင့်သည်......

ဆက်လက်၍ န၀တ အနေနှင့် ယခုလို ရွေးကောက်ပွဲ ရလာဘ်ကို ကြားလိုက်ရသည့်အခါတွင်မူ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေသည်တွင် NLD အနေနှင့် ရန်ကုန်တွင်ရှိနေသော အပြည်ပြည်ဆိုင်ရာ မီဒီယာတို့ကို ခေါ်ယူ၍ သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ရမည်။ ထိုစဉ်က ရန်ကုန်တွင် ဂြိုဟ်တုသတင်း ထုတ်လွှင့်မှုအတွက် ပစ္စည်းကိရိယာ အပြည့်အစုံနှင့် နိုင်ငံခြား TV ရိုက်ကူးရေး အဖွဲ့များလည်း ရှိနေရာ သတင်းစာရှင်းလင်းပွဲမှတဆင့် NLD ၏ အနိုင်စာရင်းကို ကမ္ဘာသို့ ကြေငြာရမည်။ တစ်ချိန်တည်းမှာပင် ပြည်သူတစ်ရပ်လုံးက ဥပဒေပြု အာဏာကို NLD ကို ပေးလိုက်ပြီဖြစ်၍ အောင်ဆန်းစုကြည်အိမ်သို့ ချီတက်၍ သူမကို မြန်မာ့ရုပ်မြင်သံကြား စတူဒီယိုသို့ ခေါ်ဆောင်လာရမည်။

ထိုအချိန်တွင် လော်စပီကာတပ်ထားသော မော်တော်ကားများသည်လည်း ရန်ကုန်မြို့အနှံ့ တစ်လမ်းဝင်၊ တစ်လမ်းထွက်နှင့် ပြည်သူလူထုကြီးကို သူမထံ ချီတက်လာဖို့ ဆော်သြနေရမည်။ ရုပ်မြင်သံကြားမှတဆင့် သူမက စည်းကမ်းတကျ အေးဆေးစွာ နေကြဖို့နှင့် မြန်မာ့လက်နက်ကိုင်တပ်များကို ယနေ့အစိုးရသစ်အပေါ် သစ္စာခံကြဖို့ တိုက်တွန်းရမည်။

NLD ၏ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် ပုံစံကို လေ့လာကြည့်လျင် လက်နက်ကိုင်တပ်များမှ အရာရှိအရာခံ၊ အကြပ်တပ်သားတို့သည်ပင် NLD ကို ထောက်ခံမဲ ပေးခဲ့သည်မှာ ထင်ရှားနေသည်ဖြစ်၍ ပြည်သူတို့ကို စစ်သားများက တားဆီးဖို့ ကြိုးစားခဲ့ကြသည်ဆိုသော အပြောမှာ ဖြစ်နိုင်ချေမရှိပါ။ ဆိုခဲ့သလိုနည်းဖြင့် NLD က အစိုးရဖွဲ့ပြီးပြီဆိုလျင် န၀တ ဗိုလ်ချုပ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ တရုတ် (သို့) သူတို့ကို လက်ခံမည့် နိုင်ငံတစ်နိုင်ငံသို့ သွားရောက် ခွင့်ပြု၍သော်၎င်း အကောင်းဆုံး ဆောင်ရွက် ဖြေရှင်းနိုင်ပါ၏......

သို့တိုင်ဆိုခဲ့သလိုကား လုံးဝမဖြစ်ခဲ့..... မိမိလက်ထဲက အခွင့်အရေးလွတ်သွားသည်အထိ NLD က အစောင့်ကြီး စောင့်၊ အယုံကြီး ယုံနေစဉ်မှာပါ န၀တ ကတစ်ကျော့ပြန်၍ အခြေအနေအလုံးစုံကို ထိမ်းချုပ်လိုက်ပြီး အလားတူဖြစ်ရပ်မျိုး လုံးဝအဖြစ်မခံတော့ပဲ၊ ဇာတ်ကြမ်းတိုက်၍ ထင်ရာစိုင်းခဲ့သည်တွင်မူ မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကြီးကား မှန်ကန်စွာ ဦးဆောင်မှု ပေးနိုင်သူလည်းမရှိ၊ လူထုဘက်မှလည်း လုပ်နိုင်စရာ အခွင့်အရေး လုံးဝ မရှိသလောက် ဖြစ်သွားရာမှ မေ့ပျောက်သွားကြပြီဟုပင် ထင်မှတ်ခဲ့ရပါ၏........

သို့ဖြစ်သော်ငြား န၀တ ၏ ဇတ်ကြမ်းကား နယ်ခြားဒေသတွင်လည်း အကွက်စေ့သလို တခြိမ်းခြိမ်း တအုန်းအုန်း မြိုင်လှပေ၏...... တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့ ၂၀ ကျော်ကို အပစ်အခတ်ရပ်စဲ၍ ကြားထားသူ ထားပြီး၊ မရလျင် အပြောင်အကျွတ် ရှင်းလင်းရေး ပေါ်လစီခင်းခဲ့ရာ ကရင်လက်နက်ကိုင်တို့၏ အဓိက ဌာနချုပ်ဖြစ်သော မာနယ်ပလော အပါအ၀င် အခြားသူပုန်စခန်းတို့ကို ၁၉၉၅ ခုနှစ်အတွင်း ရခဲ့သည်မှစ၍ ကရင်လက်နက်ကိုင်များမှာ ဌာနချုပ်စခန်း လက်ကိုင်မရှိတော့ပဲ ပျောက်ကြားတပ်ဖွဲ့များ ဖြစ်လာသလို၊ ABSDF ဖိုက်တာများသည်လည်း ထိုင်းနိုင်ငံ ဒုက္ခသည်စခန်း ရောက်သူရောက်၊ အချို့ကား အမေရိကား၊ သြစတျေးလျနှင့် ဥရောပနိုင်ငံများသို့ ရောက်ရှိသွားကြပြီး အချို့လည်း အသစ်ပြန်လည် ဖွဲ့စည်းရာတွင် ဆက်လက်ပါဝင်ခဲ့သည်.......

မြေပေါ်အတိုက်အခံ အဖွဲ့အစည်းများနှင့် လက်နက်ကိုင်အဖွဲ့အစည်းတို့ကို ဒလမန်းကြမ်း ဖြိုခွဲရာတွင် လက်သံပြောင်၍ အောင်မြင်မှုများ ဆက်တိုက်ရခဲ့သည် ဆိုသော်ငြားလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင်မူ န၀တ လုပ်ရပ်များမှာ အကျည်းတန် အရုပ်ဆိုးလွန်းလှ၍ ဂုဏ်သိက္ခာပင် မရှိလေရာ ၎င်းအမှုကိစ္စအတွက် န၀တဘက်မှ တစ်ခုခုလုပ်ဖို့ လိုလာပါတယ်.... သို့တိုင် န၀တ လုပ်ခဲ့သည့် တစ်ခုခုမှာ ပြည်တွင်းပေါ်လစီတို့ကို ပြန်လည်သုံးသပ်ပြင်ဆင်၍ အမျိုးသားညီညွတ်ရေးကား မဟုတ်။ သူတို့ဂုဏ်သိက္ခာကို အရောင်တင်ပေးမည့် အလံရှုး ငှားရမ်းပြီး နိုင်ငံတကာ အသိုင်းအ၀န်းကို ဆွဲဆောင်နိုင်ဖို့ ဖြစ်သည်။ သို့ဖြင့် ၁၉၉၁ သြဂုတ်လတွင် န၀တ၏ ပထမဆုံး အလံရှုးအဖြစ် ဗန်ကလော့ဘတ်နှင့် အပေါင်းအသင်းများ ကုမ္ပဏီကို ငှားရမ်းပြီး ၀ါရှင်တန် ဒီစီတွင် အခြေစိုက်သော ဗန်ကလော့ဘတ်(ခ်ျ)နှင့် န၀တ ဘက်မှ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသောင်းတို့ လက်မှတ်ရေးထိုးကြရာ အဆိုပါ စာချုပ်အရ အမေရိကန် စီးပွားရေးသမားတို့ကို မြန်မာပြည် လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်၍ စီးပွားရေး လုပ်ငန်းတို့ကို ဆောင်ရွက်ပေးရန်နှင့် ရုပ်ပျက်ဆင်းပျက် မျက်နှာမလှ ဖြစ်နေသော န၀တ၏ ပုံရိပ်ကို သနပ်ခါးလိမ်း၍ နိုင်ငံတကာ အသိုင်းအ၀န်းက လက်ခံလာရန် ဗန်ကလော့ဘတ်(ခ်ျ)နှင့် အဖွဲ့သားများက ဆွဲဆောင်ရမည် ဖြစ်သည်.....

ဦးသောင်းကို ဗန်ကလော့နှင့် မည်သူက ကြားခံ၍ ဆက်သွယ်ပေးခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း ဗန်ကလော့ဆိုသူကား တတိယကမ္ဘာမှာ စစ်အာဏာရှင်တို့၏ အမှုကြီး အမှုငယ်တို့ကို အထူးကျွမ်းကျင်စွာ ဆောင်ရွက်ပေးနေသော နာမည်ဆိုးနှင့် ထင်ရှားသူ အလံရှူးတစ်ယောက်ဖြစ်သလို သူ၏ဖောက်သည်များမှာလည်း နှယ်နှယ်ရရမဟုတ်၊ အီရတ်မှ ဆတ်ဒမ်ဟူစိန်၊ ရ၀န်ဒါမှ ဂျူးဗန်နယ် ဟာရီမန်၊ ဇိုင်ယာမှ မိုဘုတုဘက်ဆီဆီကို၊ လိုင်ဘေးရီးယားမှ ဆစ်ချူးရယ်ဒိုးတို့ ဖြစ်ကြပြီး အဆိုပါ အာဏာရှင်ကြီးများက အလိုရှိရာ အမှုကိစ္စတို့ကိုလည်း ဗန်ကလော့ဖက်မှ အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့သည်ချည်းဖြစ်၍ သူ့အပေါ် ယုံကြည်မှုလည်း ရှိခဲ့ကြပါ၏....... သို့တိုင် ယခု န၀တ အာဏာရှင်ကြီးများနှင့်တွေ့ကာမှ ဗန်ကလော့တစ်ယောက် နှပ်ပစ်ခံလိုက်ရလေ၏..... အကြောင်းကား ဗန်ကလော့ထံ နောက်ဆုံးပေးရမည့်ပိုက်ဆံ လာမပေးပဲ ဦးသောင်းတစ်ယောက် ပျောက်ခြင်းမလှ ပျောက်သွားလေရာ၊ ဗန်ကလော့က ဦးသောင်းကို တစ်တစ်ခွခွ ကလော်တုတ်၍ ယခုလို ပြန်ပြောပြခဲ့ပါ၏....

ဒိကိစ္စက တော်တော်ရယ်စရာ ကောင်းတယ်ဗျ.... သူနဲ့ ကျနော်တိုက်ရိုက် အလုပ်လုပ်ခဲ့တယ်.... နေ့စဉ်လိုလို တွေ့ဖြစ်တယ်၊ သူ့ဆီ အစီရင်ခံစာတွေ ကျွန်တော် မပြတ်ရအောင် ပို့ပေးတယ်၊ ဒါပေမယ့်ဗျာ နောက်ဆုံးမှာ ဒီလူတွေက ကျုပ်ကို ဒေါ်လာ ငါးထောင်ပဲပေးပြီး ပစ်ချသွားတယ်ဗျာ..............

ဘာတီးလင့်တားနားရဲ့ Aung San Suu Kyi and Burma's Struggle for Democracy ကို ဘာသာပြန်ထားတဲ့ အထဲက အပိုဒ်လေးတွေပါ......
 
By :
— with ကို ဒင်္ဂါး, Thu Yein Win, Oo Yaung, Thaung Myo Tun, ငထွဋ် ကြီး, Ko Oak Soe Myat, Myo Min Thaung, Thanda Win and Myo Set.Unlike · · Share · 7 hours ago

  • Ko Pho Cho မလွယ်ပါပု ..

    ထင်သလောက် မလွယ်ပါပု .. ၉၀ ရလာဒ်ကို ဘာကြောင့်
    န၀တ ကလက်မခံခဲ့တာလဲ ..

    ရွေးကောက်ပွဲအကြိုကာလမှာ( ၈၉ မှာ ) ဒေါ်စုဘာတွေ
    ပြောခဲ့သလဲ .. ဘာတွေလုပ်ခဲ့သလဲ ဆိုတာတွေပေါ်မယ်
    မူတည်ခဲ့ပါတယ် ..
  • James Mint ဘာတွေကြောင့်လဲ..... ကျွန်တော်က ဖြစ်ပီးမှ လိုက်ဖတ်ရတာ မဖြစ်ခင်က ဘာတွေဆိုတာ မသိပါ..... စာတွေထဲမှာလည်း ရေးတာ သိပ်မတွေ့ပါ......
  • Ko Pho Cho ၈၉ မှာဒေါ်စုက
    မဲဆွယ်ပွဲတွေမှာ ထိပ်တိုက်ရင်ဆိုင်ရေးတွေလုပ်ခဲ့တယ်
    ဒါကြောင့် နတခ မှာပြသနာတတ်ခဲ့တယ် .. အဲ့ဒီနောက်
    အထိန်းသိမ်းခံလိုက်ရတယ် ..

    စာအုပ်ကပြောသလိုဖြစ်မယ်ဆို အထိန်းသိမ်းခံရကတည်း
    က လူထုက အုံကြွလာမှာပေါ့ .. အဲ့တုန်းက ဘာလို့ မအုံ
    ကြွခဲ့တာလဲ ..
  • Ko Pho Cho သေချာတာတခုက
    န၀တဟာ ဒေါ်စုကို ပိုပြီးနံမယ်ကြီးလာစေဖို့ 
    ပြုစုပျိုးထောင်ခဲ့တယ်ဆိုတာပဲ .. သတင်းစာ
    မှာ ဆောင်းပါးတွေ ကာတွန်းတွေထည့်ပြီး
    ဒေါ်စုကို မြေတောင်မြှောက်ပေးခဲ့တယ် ..

    အဲ့လိုမြေတောင်မြှောက်ပေးခဲ့လို့ အစိုးရဆန့် 
    ကျင်သူတွေရဲ့ တဦးတည်းသော အတုမရှိခေါင်း
    ဆောင်ဖြစ်လာစေခဲ့တယ် .. အဲ့ဒီတော့ န၀တ
    အနေနဲ့ ရင်ဆိုင်ရမယ့် ရန်သူနည်းသွားတယ်

    နိုင်ငံရေးမှာ ဦးကျိုးသွားစေချင်ရင် ဒေါ်စုကို
    ဖမ်းထားလိုက်ရုံပဲ ..

    ဒေါ်စုအနေနဲ့  သူနံမယ်ကြီးလာတဲ့အတွက်န၀တ
    ကိုကျေးဇူးတင်သင့်တယ် ..
  • James Mint အင် ခင်ဗျားဟာ ပြောင်းပြန်ကြီး....
  • Ko Oak Soe Myat ငိငီး ကိုဂျိမ်း မဆွေနွေး၇ဲဝူး ။ကြောက်လို့ 
  • Zar Chi Oo မှန်ပါတယ် မင်းသမ၊
  • Ko Oak Soe Myat တခုတော့ရှိတယ်ကိုဂျိမ်း ဘာလို့ အာဏာမ၇ယူနိင်ခဲ့လည်းဆိုတော့ဘာမှ ကြိုတင်ပြင်ဆင်မှူ့ တွေကို စနစ်တကျမလုပ်ခဲ့လို့ ဘဲ ထင်ပါတယ်။ကျနော်အမြင်ပါ
  • Ko Pho Cho ပြောင်းပြန်မဟုတ်ဘူးဗျ

    မင်းတကယ်တန်းတွေးကြည့် .. သူမဟာ အရေးခင်းတွင်းမှာ
    ထူးခြားပြောင်မြောက်တဲ့ နိုင်ငံရေးမဟာဗျူဟာတွေမချမှတ်
    နိုင်ဘူး .. ဒါပေမယ့် သူမဟာ ဗိုလ်ချုပ်သမီးဖြစ်လို့ လူထု
    အတွင်းမှာ ပေါ်ပြူလာဖြစ်ရုံပဲရှိတယ် ..

    အဲ့တုန်းက သူပြောတာတွေရှာဖတ်ကြည့် .. တကယ့်ကို
    လူပြိန်းကြိုက်တွေချည်းပြောတာ .. လူတွေက မဆလကို
    မကြိုက်ဘူး .. အဲ့တော့ မဆလ ကိုတိုက်ခိုက်ပြီးပြောတဲ့
    လူတိုင်းလက်ခုပ်တီးခံရတယ် .. သူကတော့ ဗိုလ်ချုပ်သမီး
    ဖြစ်လို့ လက်ခုပ်သံပိုများတယ် ..
  • Zar Chi Oo မင်းသမီးကတော်တော်ရယ် လူကြမ်းကောင်းသွားလို့ပါဆိုသလိုပါပဲ ဒေါ်စုနာမည်ကြီးသထက်ကြီးအောင် လုပ်ပေးခဲ့သလိုဖြစ်နေတာကတော့အသိသာကြီးပါ။ နိုင်ငံရေးကိုနားမလည်ပါဘူး ခံစားမိတာလေးပြောပြတာပါ
  • Ko Pho Cho ခုချိန်မှာရော
    NLD ရဲ့ မူဝါဒက ဘာလဲ .. ပြသနာတိုင်းအတွက်
    တိတိကျကျမရှိဘူး ..
  • Ko Pho Cho တမင်နံမယ်ကြီးအောင်
    လုပ်ပေးတာ ..
  • James Mint ထားလိုက်ပါဗျာ.... အဓိက အပြစ်ထိုင်ပြောနေမှာထက် Events တွေကိုပဲ သိချင်တာဗျ..... ကျန်တဲ့ ပါစင်နယ်တွေက ကိုယ်နဲ့ မဆိုင်ဘူး..... Events တွေပဲ နိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်.....
  • Ko Pho Cho ငါပြောနေတာလည်း
    ဖြစ်ရပ်တွေပဲလေ .. ပါစင်နယ် မပါဘူး ..

    မင်းမြင်အောင်ကြည့် ..
  • Ko Pho Cho မင်းကိုနိုင်တို့ ကို
    ဖမ်းတဲ့အချိန်မှာ မိုးသီးဇွန်တို့ ဒေါ်စုတို့ က အပြင်မှာ
    +++++

    မင်းကိုနိုင် လွတ်လာတော့ ဘာပြောခဲ့လဲ ..
    “ ဒေါ်စုနဲ့ ကျနော့်ကို အပြင်မှာ နှစ်ယောက်အတူထား
    ကတည်းက သူတို့ မှာ လုံလောက်တဲ့ပြင်ဆင်မှုရှိလို့ ပဲ ”
    တဲ့ .. မှတ်မိသလောက်ပြောတာပါ .. အတိအကျတော့
    မဟုတ်ဘူး ..
  • ငထွဋ် ကြီး ဒီပုံမှာ တားတားကို tag ထားတော့ တားတား အရေးယူခံရနိုင်လား ငှင် အုအုဂျိမ့်း:D
  • Ko Oak Soe Myat ကျနော်လည်းလိုက်ထားတယ်
  • James Mint မသိဘူး ကျွန်တော်တော့ အင်းစိန်ကို မျက်လုံးထဲ တန်းနေတာပဲ ဆက်ရေးသင့် မရေးသင့်တွေ စဉ်းစားနေတာ......
  • Ko Pho Cho သေချာတာကတော့
    မင်းကိုနိုင်ရော ဒေါ်စုရောဟာ အရေးအခင်းမတိုင်ခင်
    ကလူသိများသူတွေမဟုတ်ဘူး ..

    အရေးခင်းတွင်းမှာ ပေါ်ဦးထွန်းကို မင်းကိုနိုင်တံဆိပ်
    တပ်ပြီး အရင်ပွဲထုတ်တယ် .. ထင်သလောက်လူမ၀င်
    ဘူး .. အဲ့တော့ လူဝင်အောင် ပေါ်ပြူလာဖြစ်မယ့်သူ
    ကိုရှာတော့ ဒေါ်စုကိုသွားတွေ့ တယ် ..

    အမယ် .. အဖွားကြီးကလည်း လည်တယ်ခင်ဗျ ..
    မာရှယ်လောထုတ်ပြီး တဒိုင်းဒိုင်းပစ်နေတုန်းက အပြင်
    မထွက်ဘူး .. မာရှယ်လောရုတ်သိမ်းပြီးမှ မိတ်ကပ်
    အထူကြီးလိမ်းပြီး ပွဲထွက်လာတယ် ..
  • Ko Pho Cho ဂျိမ်းစ် ..

    မင်းက ငါ့ထက်အများကြီးသာပါတယ်ကွာ

    ကိုယ့်ဖေးဘရိတ်စာရေးဆရာရေးတာနဲ့ ယုံ
    လိုက်ကောလား .. ငါ့ကောင်ရာ ..

    သူရေးထားတာတွေက ဘယ်လိုဖြစ်နိုင်မှာလဲ

    လူထုက ၈၉ မှာ ဒေါ်စုကို ဖမ်းတုန်းကတောင်
    ကျောက်ရုပ်လို နေနေကြတာ ..
  • Ko Pho Cho ရီရတာရှိသေးတယ်

    နယ်မြို့ တမြို့ မှာ ရွေးကောက်ပွဲရလာဒ်ကြော်ငြာ
    ပီးတော့ အနိုင်ရဒီချုပ်မြို့ နယ်ကိုယ်စားလှယ်က
    နောက်နေ့ လည်း ကျရော မ၀တရုံးသွားပြီးသူ့ ကို
    မြို့ နယ်အုပ်ချုပ်ရေးအာဏာလွဲပေးဖို့ ပြောသတဲ့
    ခစ်ခစ်
  • James Mint နေဦးဟ စာအုပ်တွေ ရောက်တောင်မလာသေးဘူး..... ဖတ်ဖို့နေနေသာသာ
  • Ko Pho Cho ရှိသေးတယ်

    မိုးကုတ်က ကိုယ်စားလှယ်မမက ကျောက်တွေ
    သယ်ဆင်းလာတာကို လမ်းမှာ ရှာဖွေရေးကစစ်
    တော့ သူက အနိုင်ရအမတ်မို့ လို့  ရှာခွင့်မပေးနိုင်
    ဘူး ဘာဘူးလုပ်သေးတယ် .. အတင်းရှာတော့
    ကျောက်ထုတ်တွေ့ သွားလို့  ဂျေးအောင်းသွား
    တယ် ..
  • Win Naing Htay အိန္ဒိယ သံတမန်တစ်ဦးပြောလိုက်တာ...လွယ်လွယ်လေးပါကလား။။စာပြတ်သွား တာကောင်းပါတယ်။ကိုးကားစရာမဟုတ်တဲ့ဆောင်းပါးပါ။စာကိုရောစာရေးသူ ကိုရောပေါ့စေတယ်။၊တရုတ်သိုင်းစာအုပ်ထဲကရေတခွန်သိုင်းကွက်။ဘာမှန်းကျနော်လဲမသိဘူး။
  • James Mint ကဲ ကဲ ကျွန်တော် ဒီဟာကို နောက် ၁၀ မိနစ်နေရင် ဖျောက်ထားတော့မယ်ဗျာ...... သိပ်ပီး အခြေအနေ မကောင်းဘူး...... ကိုယ်နံနေတာ လက်ထိပ်စော်.... ဟိုဘက်က လဒတွေ မြင်နေတာက တစ်မျိုး......
  • D Day Ang နှစ်ပေါင်းငါးဆယ်ကျော်လောက် နက်တဲ့ အုဌ်မြစ်ကြီးကို NLD ဖြစ်ဖြစ်၊ ဘယ်တန်ခိုးရှင်ပါတီ ဖြစ်ဖြစ် လက်ရှိဖွဲ့စည်းပုံဘောင်အတင်းထဲမှာ ပထမသက်တမ်းမပြောနဲ့၊ ဒုတိယသက်တမ်း ကုန်လို့တောင် ရှင်းလင်းလို့ပြီးမှာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် က သူ့ကိုယ့်သူ တန်ခိုးရှင်အဖြစ် မကြွေးကျော်သလို သူ့ငေ့် (သူ့အဖွဲ့အစည်းအကျိုးစီးပွားအတွက်) ဘာစစ်ပွဲမှ (နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး စသည်) ကျူးလွန်းထားတာ မရှိဘူး။ ဘယ်လိုစစ်ရာဇ၀တ်မှ မရှိတဲ့အတွက် မြန်မာနိုင်ငံတော်သစ်အတွက် အားလုံးထက် ပိုမျှော်လင့်တယ် - ဒီတစ်ချက်ဘဲ။
  • Thiha Wint Aung ဟုတ်တယ်ကို James ရေ။ ဘယ်လို Mindset တွေနဲ့ ၀င်ပြောနေမှန်းလဲမသိဘူး။
  • Win Naing Htay ဘယ်လို Mindset တွေနဲ့ ၀င်ပြောနေမှန်းလဲမသိဘူး။...မီဝေး
  • James Mint ကို ငထွဋ် ကြီးKo Oak Soe Myat၊ ကို Thu Yein Win၊ ကျွန်တော် ဆက်ထားရင် ကောင်းမလား.... ဖျောက်ထားတာ ကောင်းမလား..... ကျွန်တော်ကတော့ ၂၀၁၅ မှာ အရင်လို အမှားတွေ ထပ်မမှားရအောင်ပဲ ဒါပေမယ့်လည်း..... ဒါပေမယ့်ဗျာ..... ဆရာသမားတို့ ဘယ်လိုသဘောရလဲ....
  • ငထွဋ် ကြီး အဲဒါတော့ မသိဖူး...သူရေးထားတဲ့(ဒီ post ကိုပြောတာပါ)စာကတော့ စိတ်ကူးယဉ်ဆန်လွန်းပါတယ်....
  • James Mint နှပ်ကြောင်းသမားတွေ အဲ့ကတည်းက ရှိခဲ့တယ် ဆိုရမယ်....
  • Ko Oak Soe Myat ဆက်ထားဗျာနောက်ထပ်ပညာရှင်တွေင်ဆွေးနွေးတော့ဗဟုသုတ၇တာပေါ့
  • James Mint အဲ့ဒါဆိုလည်း ပီးရော ထားတယ်ဗျာ.... ပြတ်နေတဲ့အပိုင်းရရင် ဆက်ဖြည့်မယ်.....
  • ငထွဋ် ကြီး ဆွေးနွေးစရာရှိမယ်မထင်ပါဖူး ကျွန်တော့်အမြင်တော့ အိပ်ရာဝင်ကလေးပုံပြင်လို့ပဲ ထင်တာပဲ...ဘယ်လိုမှမဖြစ်နိုင်တာ...အဲဒီတုန်းက အနေအထားတွေ ကျွန်တော်တို့ ကောင်းကောင်းမှီခဲ့တာပဲဗျာ....
  • Pku Demo ကြားရတာတွေက တရားရုံးမှာ ဆွဲချ က တရားခံကို အမှုတွေတင်နေသလိုပဲ။ ပြန်ဖြေရှင်းမဲ့ ရှေ့နေလဲ မရှိဘူး။ ပြန်ရှင်းမယ်ဆိုရင်တော့ စကားလုံးတွေရှိတယ်။ ဒါပေမယ့် ဟဲဟဲ ကြောက်တယ်ဗျ။ နှစ်ခုပဲ မေးလိုက်ချင်တယ်။
    စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အရာရာဖယ်ရှားခဲ့ပြီး သူ့ကို ပြည်သူကမေ့ဖို့ ဝါ ပေါ်ပြူလာ ဖြစ်မှုကို ရပ်တန့်ဖို့ နှစ်ပေါင်း ၂၀ကျော် အချိန်ရခဲ့တယ်။ ကြိုးစားခဲ့တယ်။ မရခဲ့ဘူး။ ဘာကြောင့်လဲ။
    စစ်အစိုးရက NLD ပါတီ ကို ဖျက်သိမ်း ခဲ့တယ်။ ပြည်သူတွေရဲ့ ဆန္ဒ နဲ့ မကိုက်ညီ ဘူးလို့ နှစ်၂၀ ကျော်ကြာ သက်သေ ပြခဲ့တယ်။ ဒါပေမယ့် NLD မသေခဲ့ဘူး။ အဲဒါ ဘာကြောင့်လဲ။
  • Thu Yein Win မှားချင်းမှား အသစ်မှားမှာပေါ့ဗျ။ ဘယ့်နှယ် အရင်လို မှားမတုန်း။
  • Ko Oak Soe Myat ကိုယ်ကမှန်တာတွေေ၇း အကြံပေးထားတာပဲ ။ပါတီကို ပုတ်ခတ် ထားတာမှမဟုတ်တာ ။ဒါတွေကိုသိထား၇င်သူတို့ အနေနဲ့ ပြင်ဆင် ပြောင်းလဲ ဖို့ အချိန်တွေ၇နေတာဘဲ။ အားလုံးလက်ခံ၇မှာပါ ။၂၀၁၅ ဆိုတာကြီးက ဝေးနေသေးတော့ ကျနော်တို့ ၇ဲ့ ဘာသားေ၇းအမြင်နဲ့ ဆို၇င်ဘာမှ ကြိုပြောမလို့ မ၇ဘူးလေး။တ၇ားသေ ဘာမှာတောင်ရှိ့ သေးတာဘဲ ဖြစ်တယ် ပြက်တယ်ဆိုတဲ့သဘော ။ပ၇ိသတ်အနေနဲ့ တော့စောင့်ကြည့်၇မှာဘဲဗျို့ ကိုဂျိမ်း
  • Ko Pho Cho ဂျိမ်းရေ

    မဖျက်ပါနဲ့ ကွ .. ငါရှယ်လိုက်တယ်( သီးသန့် 
    ဂရုတခုထဲကို )

    +++++

    အပေါ်က Pku Dem0

    စစ်အစိုးရက သူမရဲ့ ပေါ်ပြူလာဖြစ်မှုကိုရပ်တန့် ဖို့ 
    မကြိုးစားခဲ့ဘူး .. ဒါကြောင့် နိုင်ငံရေးမှာ ဂေါင်ထိ
    အကုန်မှန်ပြီး အစိုးရအကွက်အတိုင်းပဲ နင်းခဲ့ရတာ

    ပေါ်ပြူလာဖြစ်မှုကို ရပ်တန့် စေချင်ရင် စိတ်ဓါတ်
    စစ်ဆင်ရေးကို ပိုင်နိုင်ပါတယ်ဆိုတဲ့ ဘဘကြီးအ
    တွက် အလွယ်လေးပါ ..

    ကြားဖူးသလောက်ပြောမယ် .. ပလေတိုကပြော
    ခဲ့တယ်တဲ့ .. “ မိမိနိုင်ငံရေးပြိုင်ဘက်ကိုသတ်လိုက်
    ပါတဲ့ ” အသတ်သေအောင် သတ်ခိုင်းတာမဟုတ်
    ဘူးနော် .. သတင်းအမှောင်ချခိုင်းထားတာ ..
    လွယ်လွယ်လေးပါ ဒေါ်စုရဲ့ ပေါ်ပြူလာဖြစ်မှုကိုသတ်
    ချင်ရင် အစိုးရမီဒီယာတွေမှာ သူ့ ကိုပုတ်ခတ်တဲ့
    ဆောင်းပါးတွေမထည့်ဘူး .. ကာတွန်းတွေမထည့်
    ဘူး .. ကောင်းကြောင်း ဆိုးကြောင်း ဘာဖြစ်ဖြစ်
    မဖေါ်ပြဘူး .. ဒါပေမယ့် နောက်တယောက်ကို
    အဲ့လို ဖေါ်ပြပြီး လူသိများစေမယ် .. ဥပမာ .. မင်း
    ကိုနိုင်ကိုပေါ့ .. အဲ့လိုဆိုရင် ဘာဖြစ်သွားနိုင်မလဲ

    ++++

    အတိုက်ခံတွေက အခြားသူတွေကိုလည်း မီဒီယာ
    အားကိုးနဲ့  ပေါ်ပြူလာဖြစ်ဖို့ ကြိုးစားခဲ့ပါသေးတယ်
    ဒါပေမယ့် ဖြစ်မလာဘူး .. ဥပမာ .. စုစုနွေး နော်
    အုံးလှ ဝေနှင်းပွင့်သုန် ကျော်ကိုကို
  • Pku Demo Jonathan Swift ကတော့ ပြောတယ်ဗျ။ Censure is the tax a man pays to the public for being eniment.
    ပြစ်တင်ဝေဖန်ခံရခြင်း ဆိုသည်မှာ လူတစ်ယောက်၏ ထင်ရှား ကျော်ကြားမှု အတွက် ပေးဆပ်ရသည့် အခွန်ကြေး ဖြစ်သည်။
    ဒီလိုပဲ ကျွန်တော်ကတော့ မြင်ပါတယ်။
  • James Mint ဒီလို အပြန်အလှန် ဆွေးနွေးခန်းတွေနဲ့ Brainstorming လုပ်ခြင်းအားဖြင့် အသိဥာဏ် ဗဟုသုတတွေ ကြွယ်ဝစေတာ အမှန်ပါ.....

    ထုံးစံအတိုင်းပဲ ကိုယ်လိုချင်တာတွေ၊ ကိုယ်မလိုချင်တာတွေ၊ ကိုယ်မျှော်မှန်းထားတာတွေထက် ပိုများများ ပါလာပါတယ်...... ဒီလိုပါပဲ ဇကာနဲ့ စစ် ယူရတာပေါ့....... ယူနိုင်ရင် ယူနိုင်သလောက် ရပါတယ်.....
  • James Mint ဟေးဟေး နောက်ဆက်တွဲတွေရပီ နေဦး လက်အညောင်းခံ ထိုက်ရိုက်ရဦးမယ်..... ပီးရင် တင်ပေးမယ်......
  • James Mint ဒါထပ်ဖြည့်လိုက်ပါတယ်.....

    န၀တ ဗိုလ်ချုပ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ တရုတ် (သို့) သူတို့ကို လက်ခံမည့် နိုင်ငံတစ်နိုင်ငံသို့ သွားရောက် ခွင့်ပြု၍သော်၎င်း အကောင်းဆုံး ဆောင်ရွက် ဖြေရှင်းနိုင်ပါ၏......

    သို့တိုင်ဆိုခဲ့သလိုကား လုံးဝမဖြစ်ခဲ့..... မိမိလက်ထဲက အခွင့်အရေးလွတ်သွားသည်အထိ NLD က အစောင့်ကြီး စောင့်၊ အယုံကြီး ယုံနေစဉ်မှာပါ န၀တ ကတစ်ကျော့ပြန်၍ အခြေအနေအလုံးစုံကို ထိမ်းချုပ်လိုက်ပြီး အလားတူဖြစ်ရပ်မျိုး လုံးဝအဖြစ်မခံတော့ပဲ၊ ဇာတ်ကြမ်းတိုက်၍ ထင်ရာစိုင်းခဲ့သည်တွင်မူ မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကြီးကား မှန်ကန်စွာ ဦးဆောင်မှု ပေးနိုင်သူလည်းမရှိ၊ လူထုဘက်မှလည်း လုပ်နိုင်စရာ အခွင့်အရေး လုံးဝ မရှိသလောက် ဖြစ်သွားရာမှ မေ့ပျောက်သွားကြပြီဟုပင် ထင်မှတ်ခဲ့ရပါ၏........

    သို့ဖြစ်သော်ငြား န၀တ ၏ ဇတ်ကြမ်းကား နယ်ခြားဒေသတွင်လည်း အကွက်စေ့သလို တခြိမ်းခြိမ်း တအုန်းအုန်း မြိုင်လှပေ၏...... တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့ ၂၀ ကျော်ကို အပစ်အခတ်ရပ်စဲ၍ ကြားထားသူ ထားပြီး၊ မရလျင် အပြောင်အကျွတ် ရှင်းလင်းရေး ပေါ်လစီခင်းခဲ့ရာ ကရင်လက်နက်ကိုင်တို့၏ အဓိက ဌာနချုပ်ဖြစ်သော မာနယ်ပလော အပါအ၀င် အခြားသူပုန်စခန်းတို့ကို ၁၉၉၅ ခုနှစ်အတွင်း ရခဲ့သည်မှစ၍ ကရင်လက်နက်ကိုင်များမှာ ဌာနချုပ်စခန်း လက်ကိုင်မရှိတော့ပဲ ပျောက်ကြားတပ်ဖွဲ့များ ဖြစ်လာသလို၊ ABSDF ဖိုက်တာများသည်လည်း ထိုင်းနိုင်ငံ ဒုက္ခသည်စခန်း ရောက်သူရောက်၊ အချို့ကား အမေရိကား၊ သြစတျေးလျနှင့် ဥရောပနိုင်ငံများသို့ ရောက်ရှိသွားကြပြီး အချို့လည်း အသစ်ပြန်လည် ဖွဲ့စည်းရာတွင် ဆက်လက်ပါဝင်ခဲ့သည်.......

    မြေပေါ်အတိုက်အခံ အဖွဲ့အစည်းများနှင့် လက်နက်ကိုင်အဖွဲ့အစည်းတို့ကို ဒလမန်းကြမ်း ဖြိုခွဲရာတွင် လက်သံပြောင်၍ အောင်မြင်မှုများ ဆက်တိုက်ရခဲ့သည် ဆိုသော်ငြားလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင်မူ န၀တ လုပ်ရပ်များမှာ အကျည်းတန် အရုပ်ဆိုးလွန်းလှ၍ ဂုဏ်သိက္ခာပင် မရှိလေရာ ၎င်းအမှုကိစ္စအတွက် န၀တဘက်မှ တစ်ခုခုလုပ်ဖို့ လိုလာပါတယ်.... သို့တိုင် န၀တ လုပ်ခဲ့သည့် တစ်ခုခုမှာ ပြည်တွင်းပေါ်လစီတို့ကို ပြန်လည်သုံးသပ်ပြင်ဆင်၍ အမျိုးသားညီညွတ်ရေးကား မဟုတ်။ သူတို့ဂုဏ်သိက္ခာကို အရောင်တင်ပေးမည့် အလံရှုး ငှားရမ်းပြီး နိုင်ငံတကာ အသိုင်းအ၀န်းကို ဆွဲဆောင်နိုင်ဖို့ ဖြစ်သည်။ သို့ဖြင့် ၁၉၉၁ သြဂုတ်လတွင် န၀တ၏ ပထမဆုံး အလံရှုးအဖြစ် ဗန်ကလော့ဘတ်နှင့် အပေါင်းအသင်းများ ကုမ္ပဏီကို ငှားရမ်းပြီး ၀ါရှင်တန် ဒီစီတွင် အခြေစိုက်သော ဗန်ကလော့ဘတ်(ခ်ျ)နှင့် န၀တ ဘက်မှ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသောင်းတို့ လက်မှတ်ရေးထိုးကြရာ အဆိုပါ စာချုပ်အရ အမေရိကန် စီးပွားရေးသမားတို့ကို မြန်မာပြည် လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်၍ စီးပွားရေး လုပ်ငန်းတို့ကို ဆောင်ရွက်ပေးရန်နှင့် ရုပ်ပျက်ဆင်းပျက် မျက်နှာမလှ ဖြစ်နေသော န၀တ၏ ပုံရိပ်ကို သနပ်ခါးလိမ်း၍ နိုင်ငံတကာ အသိုင်းအ၀န်းက လက်ခံလာရန် ဗန်ကလော့ဘတ်(ခ်ျ)နှင့် အဖွဲ့သားများက ဆွဲဆောင်ရမည် ဖြစ်သည်.....
  • James Mint ဦးသောင်းကို ဗန်ကလော့နှင့် မည်သူက ကြားခံ၍ ဆက်သွယ်ပေးခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း ဗန်ကလော့ဆိုသူကား တတိယကမ္ဘာမှာ စစ်အာဏာရှင်တို့၏ အမှုကြီး အမှုငယ်တို့ကို အထူးကျွမ်းကျင်စွာ ဆောင်ရွက်ပေးနေသော နာမည်ဆိုးနှင့် ထင်ရှားသူ အလံရှူးတစ်ယောက်ဖြစ်သလို သူ၏ဖောက်သည်များမှာလည်း နှယ်နှယ်ရရမဟုတ်၊ အီရတ်မှ ဆတ်ဒမ်ဟူစိန်၊ ရ၀န်ဒါမှ ဂျူးဗန်နယ် ဟာရီမန်၊ ဇိုင်ယာမှ မိုဘုတုဘက်ဆီဆီကို၊ လိုင်ဘေးရီးယားမှ ဆစ်ချူးရယ်ဒိုးတို့ ဖြစ်ကြပြီး အဆိုပါ အာဏာရှင်ကြီးများက အလိုရှိရာ အမှုကိစ္စတို့ကိုလည်း ဗန်ကလော့ဖက်မှ အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့သည်ချည်းဖြစ်၍ သူ့အပေါ် ယုံကြည်မှုလည်း ရှိခဲ့ကြပါ၏....... သို့တိုင် ယခု န၀တ အာဏာရှင်ကြီးများနှင့်တွေ့ကာမှ ဗန်ကလော့တစ်ယောက် နှပ်ပစ်ခံလိုက်ရလေ၏..... အကြောင်းကား ဗန်ကလော့ထံ နောက်ဆုံးပေးရမည့်ပိုက်ဆံ လာမပေးပဲ ဦးသောင်းတစ်ယောက် ပျောက်ခြင်းမလှ ပျောက်သွားလေရာ၊ ဗန်ကလော့က ဦးသောင်းကို တစ်တစ်ခွခွ ကလော်တုတ်၍ ယခုလို ပြန်ပြောပြခဲ့ပါ၏....

    ဒိကိစ္စက တော်တော်ရယ်စရာ ကောင်းတယ်ဗျ.... သူနဲ့ ကျနော်တိုက်ရိုက် အလုပ်လုပ်ခဲ့တယ်.... နေ့စဉ်လိုလို တွေ့ဖြစ်တယ်၊ သူ့ဆီ အစီရင်ခံစာတွေ ကျွန်တော် မပြတ်ရအောင် ပို့ပေးတယ်၊ ဒါပေမယ့်ဗျာ နောက်ဆုံးမှာ ဒီလူတွေက ကျုပ်ကို ဒေါ်လာ ငါးထောင်ပဲပေးပြီး ပစ်ချသွားတယ်ဗျာ..............
  • Myo Zar အဲ့ဒီလိုကြီးလား... ဦးသောင်းက ပွဲစားလည်းလုပ်တယ်ပေါ့..
  • James Mint မသိဘူးလေ သူ့စာအတိုင်းပဲ ကျွန်တော့်အာဘော် မပါ....
  • Sleepy Luke အင်းးး ဘက်တစ်ဘက်ကနေကြည့်ရင်တော့ အားရစရာတွေချည်းနော့။ ဒါမယ့် ဒီစာတွေကတော့ အိပ်ရာဝင်ပုံပြင်သာသာပါပဲ။ သက်သေမရှိရင် သမိုင်းမဖြစ်ပဲ ယုံတမ်းစကားဖြစ်သွားတာ မဆန်းဘူးလေ။ မူရင်း author ကိုပြောတာပါ။
  • James Mint ဟဲဟဲ.......
  • Lwin Naung ရွေးကောက်ပွဲကာလတုန်းကNLDကလည်း သိပ်အကောင်းကြီးမဟုတ်ပါဘူးအချိန်တိုတွင်း တည် ထောင် ရ ခြင်း လွတ် လပ် စွာ တည် ဆောက် ခွင့် မ သော ကြောင့်တိ ကျ တဲ့ ပါ တီ မူ ဝါ ဒ လမ်း စဉ် နဲ့ သ ဘော တ ရား ရေး များ ချ မှတ် နိုင် ခဲ့ ခြင်းမရှိ ဘူး လို့ထင် ပါ တယ် ဒါ ပေ မယ့် မ ဆ လ တဖြစ် လဲ တစ ည ကို ပြည် သူ တွေ က မျက် မုန်း ကျိုး မုန်း တီး နေ သော ကြောင် NLDကို ကမ်း လုံး ကျွတ် အ နိုင် ပေး လိုက် ပါ တယ် အဲ ဒီ အ ချိန် မှာ နဝတ လည်း ခြေ မ ကိုင် မိ လက် မ ကိုင် မိဖြစ် သွား ပါ တယ်ထိုစဉ် က န ဝ တ ဥက္ကဋ္ဌ ဗိုလ်ချုပ် မှုး ကြီး စော မောင် လည်း တော် တော် အ ကြပ် ရိုက် သွား ပါ တယ် သူ တွက် ထား တာ က မ ဆ လ ပါ တီဟာ ရာခိုင် နှုန်း အပြည့် မ ဟုတ် တောင် အနည်း ဆုံး 50% ဝန်း ကျင် လောက် နိုင် မယ် လို့ ထင် ထား တာ ပါ ဒါ ပေ မယ့် တ စ ည ပါ တီ ကိုယ် စား လှယ် အ မတ်တွေဟာ ဂေါက် ကွင်း မှာ မဲ ဆွယ် နေ တာ ရယ် စစ် တပ် အောက် ခြေ တပ်သား အရာ ရှိ ငယ် တွေက အစ စနစ် ဟောင်း ကလူ တွေ ကို အ ယုံ အ ကြည် မ ရှိ တာ တွေ ကြောင့် ဒီလောက် ထိ အခြေ အ နေ ဆိုး သွား တာ ပါ အ ကယ် ၍ မတိမ်း မယိမ်း သာ NLD က နိုင် သွား ခဲ့ မယ် ဆို ရင် သ မိုင်း ကြောင်း ဟာ တစ် မျိုး ပြောင်း သွား မယ် လို့ ထင် ပါ တယ် အဲ ဒီ အ ချိန် မှာ ဦး စော မောင် ဟာ လက် အောက် ငယ် သား တွေ(နဝတအ ဖွဲ့ ဝင် များ ) ရဲ့ အ ပြင်း အထန် ဖိ အား ပေး ခြင်း ကို ခံ ရ ပါ တယ် အ နိုင် ရNLD ပါ တီ မှလည်း စစ် တပ် အ တွင်းအ ဗိုလ် မှုး ကြီး နှင့် အ ထက် အဆင့် များ ရှိ သူ များ အ ပြာင်း အ လဲ လုပ် ရ မည် စစ် ခုံ ရုံး တင် ရမည် ( ဦး ကြည် မောင် မိန့်ခွန်
းမှ)စ သည့် ပြောကြား ချက် များ မှာ နဝ တ မှ အာ ဏာ မ လွဲ ပေး စေ ချင် သည့် လမ်း ကြောင်း ပေါ် သို့ ရောက် သွား စေ ပါ သည်စစ် တပ် ကြီး တစ် ခု လုံး က လည်း တွေ ဝေပြီး ဘာ လုပ် ရ မှန်း မသိ ဖြစ် နေ ပါသည် စစ် တပ် ရဲ့ အ နာ ဂတ် က လည်း ဘာ မှန်း မ သိ ပဲ မ ရေ မ ရာ ဖြစ် နေ သည် ဦး စော မောင် က လည်း စိတ် ဖိစီး မူ့ တွေ များ ပြီး ပု တီး စိပ် လိုက် အ ရက် သောက် လိုက် နဲ့ စိတ် ကျ ရောဂါ ဝေ ဒနာ မျိုး ဖြစ် လာ သော ကြောင့် ထို စဉ် က နဝတ ဒုဥက္ကဌ ဗိုလ် ချုပ် င်္ကြီး သန်း ရွေမှ၁၉၉၂ ဧပြီ မှာ တပ် တွင်း သွေး ထွက် သံ ယို မူ့ မ ရှိ ပဲ အာ ဏာသိမ်း လိုက် ပါ သည် ရွေး ကောက် ပွဲ ပြီး လျင် အ နိုင် ရ ပါ တီ ကို အာ ဏာ ရ လွဲ ပေး မည် ဆို သော စ ကား လည်း ဦး စော မောင် နဲ့ အ တူ အ နား ယူ ရ ပါ တယ် အဲ ဒီနောက် ပိုင်း နိုင် ငံ အာ ဏာ ကို ချုပ် ကိုင် တိုင်း ပြည် ကို ထင် သ လို အုပ်ချုပ် တိုင်း ပြည် စီပွား ရေး ကိုမိသား စု လိုက် လက် ဝါး ကြီး အုပ် မယ့် စစ် အာဏာ ရူး တွေ လက် ထက် မှာ တော့ အစိုး ရ ဖွဲ့ ပေး ဖို့ အိမ် မက် တောင် ထဲတောင် ထဲ့ မ မက် တော့ ပဲ အ ပြုတ် တိုက် ရေး လမ်း စဉ် နဲ့ သာ ချေမှုန်း ပါ တော့ သည် အ နှစ် ချုပ် လိုက်လျင် တစ် ယောက် နှင့်  တစ် ယောက် သံသ ယ ကြီး မား ခဲ့ ခြင်း NLD နှင့် နဝ တ အစိုး ရ နှစ် ဦး နှစ် ဖက် လုံး အပြုတ် တိုက် လမ်း စဉ် ကို သာ ရွေး ချယ် ခဲ့ကြ ခြင်း န ဝ တစစ် အစိုး ရ မှာ လည်း အာ ဏာ အ ရ သာ သိ သွား သ ဖြင့် လုံး ဝ မ လွဲပေး ခြင် သောေ ကြာင့် နိုင် ငံ နှင့် ပြည် သူ လူထု သာ ၂ဝကျော် ထပ် မံ နစ် နာခဲ့ ရပါသည်
    ။ ။ ပညာရှင်မဟုတ် ပါ သိ သကို ဝေမျှပေးခြင်းသာ ဖြစ် အမှား များ ပါသွား ခဲ့ ပါခွင် လွတ် ကြပါ ရန်
  • James Mint ဒါနဲ့ ကို Sleepy Luke စကားအရပေါ့ဗျာ........ ၈၈ တုန်းက NLD ဘက်က တစ်ချို့တွေ ပြောခဲ့တဲ့ စကားတွေ သက်သေမရှိလို့ ယုံတမ်းစကား၊ စကားဆိုတာ ကားတယ် ပြောကြပေမယ့် စစ်တပ်ဘက်က လူတွေ ပြောခဲ့တဲ့စကား သက်သေမရှိပေမယ့် သမိုင်းတွေဆိုပီး ပြောလာကြတာက အတော်ထူးဆန်းသားဗျနော်.......
  • Sleepy Luke ကိုjamesကပိုသိမှာပေါ့ဗျ။ ကျုပ်ကတော့ သူများတွေလို ပြောသာပြောရတယ် နားမလည်ဘူးလို့ ပြန်မကန်ဘူးဗျ။ သိတယ် နားလည်တယ် ဒါမယ့် ကိုယ့်ထက်သိ ကိုယ့်ထက်နားလည်သည့်သူတွေ ရိုက်သတ်မကုန်ဘူးဆိုတာကို ပိုသိပိုနားလည်ပါတယ်ဗျ။ james ရေးတာကို ကိုယ်အမြင်မတူရင် ၀င်ဆွေးနွေးမယ် ငြင်းမယ်ဗျာ၊ ဆဲတော့မဆဲဘူး။ ခုလဲချောင်းနေတာ အကွက်ကမ၀င်တာလား လိုက်မမှီတာလားမသိ။ ငြင်းခွင့်ရ ဆွေးနွေးခွင့်ရလို့ကတော့ ပျော်စရာကြီးပေါ့ဗျာ။ မသိတာတွေ သိရတာအတွက် ကျေးဇူး။ အမှန်ဆို ဒီပို့စ်ကို သိပ်မမှီဘူးထင်တယ်။ ဒါ့ကြောင့် spectatorအနေနဲ့ပဲနေနေပါတယ်ဗျ။
  • James Mint ကျွန်တော်လည်း ကူးရိုက်ရုံအဆင့်ထက် မပိုသေးပါဘူး.... စာအုပ်လက်ထဲ ရောက်မှ တင်ပေးမယ်..... အဲ့ဒိလို စာအုပ်မျိုး မြန်မာပြည်တွင်းကနေ ထုတ်နေတာ တွေ့တာ တော်တော် အံ့သြတာပဲ.....
  • Ko Oak Soe Myat ကောင်းတာပေါ့ ဗျာ။ကျနော်တို့ လည်းလေ့လာလို့ ၇တာပေါ့ 
  • Min Chit Thu Need to interview with Maung Wuntha (Soe Thein). I think He can say something .

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...