Ads (728x90)




ကျွန်တော်တို့ ဒုတိယနှစ် EP major ရဲ့ ပထမနှစ်ဝက်က EP 2024 ဆိုတဲ့ဘာသာမှာ အခန်း 6 ခန်းရှိတာကို စာမေးပွဲမှာမေးတော့ 5 နဲ့ 6 နှစ်ခန်းကိုပဲမေးသွားတယ်။ ထားလိုက်ပါတော့။ ဒါကတော့ ပြီးတော့ EP 2011 ဆိုတဲ့ ဘာသာမှာတော့ Unseen ကို 90 ဖိုးထည့်မေးသွားတယ်။ မြင်ဖူးတာက 10 မှတ်ဖိုးပဲပါတယ်။ အခု ဒုတိယနှစ်ဝက်မှာကျတော့ EP 2024 ဆိုတဲ့ဘာသာရပ်မှာ ကျက်စာနဲ့ wave form ဆွဲတာကို 55 မှတ်ဖိုးထည့်မေးသွားတယ်။ wave form ဆွဲတယ်ဆိုတာ ဘယ်ကျောင်းမှာမှ အဲဒီဘာသာအတွက် မသင်ပါဘူး။ ပြီးတော့ အဲဒီဘာသာက တွက်စာသီးသန့်ဘာသာရပ်ပါ။ အဲဒါကို ဘယ်လိုရွှေဥာဏ်တော်တွေ စူးရောက်ပြီးတော့ ကျက်စာတွေထည့်မေးထားသလဲဆိုတာကို နားမလည်နိုင်တော့ပါဘူး။ အခု နည်းပညာတက္ကသိုလ်တွေက ကျောင်းသားတွေခံနေရတဲ့ အဓိက ကိစ္စက ၀န်ကြီးဋ္ဌာနက management လုပ်တာနဲ့ သင်ကြားရေးပိုင်းမှာ ညံ့ဖျင်းတာပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကျောင်းတွေမှာ ပို့ချနေကြတဲ့ ဆရာ၊ ဆရာမတွေက တစ်ဖွဲ့၊ စာဖြေပြီးတော့ အဖြေလွှာကို စစ်တာကတစ်ဖွဲ့၊ မေးခွန်းထုတ်တဲ့ဆရာ၊ ဆရာမတွေက တစ်ဖွဲ့နဲ့ တ
စ်ကျောင်း တစ်ဂါထာ တစ်ရွာတ
စ်ပုဒ်ဆန်း လို့ပဲပြောရမလား သူတစ်လူ ငါတစ်မင်းလို့ပဲပြောရမလား အဲဒီလိုဖြစ်နေကြတာပါ။ သင်ကြားရေးကဆရာမတွေက ဘာမေးမှန်းမသိတော့ sample ကိုပဲသင်ကြတယ် reference ဖြစ်တဲ့ text ကိုသင်ဖို့ဆိုပြန်တော့လည်း sample ပဲသင်တာတောင် စာသင်ချိန်ကမလောက်ချင်နဲ့ ဒီအတိုင်းပဲရမ်းသမ်းပြီးတော့ သင်နေကြရတာပါ။ စာစစ်တဲ့ဆရာမတွေကလည်း စစ်ရတာတွေကများတော့ တွက်တာတွေမှာ ဥပမာ circuit လိုဘာသာရပ်မျိုးမှာ သူတို့ရထားတဲ့ နမူနာအတိုင်းကို တိုက်စစ်တော့တာပါပဲ circuit ဆိုတာက ဘယ်လိုဆွဲဆွဲပါ သူ့ပတ်လမ်းမှန်နေရင်ပြီးတာပါပဲ။ အမှတ်ကို ပေးချင်သလိုတွေပေးနေတော့တာပါပဲ၊ စံသတ်မှတ်ချက် standard ဆိုတာတောင်မရှိဘူးထင်ပါတယ်။ နောက်တစ်မျိုးက မေးခွန်းထုတ်တဲ့ ဆရာတွေပါ။ သူတို့ကလည်း သူတို့ တော်ကြောင်း တတ်ကြောင်းကို ကြွားချင်နေတယ်ထင်ပါရဲ့ Unseen ကို 90 ဖိုးထည့်မေးရတာနဲ့၊ တွက်စာသီးသန့်ဘာသာရပ်မှာ ကျက်စာတွေထည့်မေးထားရတာနဲ့ စုံနေအောင်ကို ပညာပြထားပါတယ်။ ဒီလိုအချိတ်အဆက်မမိပဲ သူတို့လဲသင်ချင်ရာသင်၊ ငါတို့လဲ မေးချင်ရာမေး၊ နင်တို့လဲ စစ်ချင်သလိုစစ် ဆိုတဲ့ စနစ်ကြီးရဲ့အောက်မှာ ဓားစာခံ ဖြစ်နေရတာက ကျောင်းသားတွေပါ။ နိုင်ငံရဲ့ ပညာရေးကို အဆင့်မြင့်တင်မယ်ဆိုပြီးအော်ဟစ်နေလိုက်ကြတာနားတောင်ကွဲတော့မယ်
ကျောင်း reference စာအုပ်တွေထဲမှာတောင် ပုံတွေ စာတွေကို ထင်ထင်ရှားရှားဖြစ်အောင်တောင် ပုံနှိပ်ဖို့ကို မတတ်နိုင်ရှာပါဘူး။ တော်တော်လေးကို သနားဖို့ကောင်းလှတဲ့ ကျွန်တော်တို့ အင်ဂျင်နီယာလောင်း ကျောင်းသားတွေပါဗျာ။ အခုလို မပြည့်မ၀ မစုံမလင်တဲ့ facilities တွေကို အပြည့်ပေးထားပြီးနောက်မှတော့ဗျာ နောင်တစ်ချိန်မှာဖြစ်လာမယ့် ကျွန်တော်တို့ရဲ့ မျိုးဆက်တွေအတွက်တော့ ရင်လေးမိတာအမှန်ပါ။ ပြီးတော့ မနှစ်က ဦးသောင်းလက်ထက်က အမှတ်မို့လို့ ပထမနှစ်ဝက်အမှတ်ကို ဦးအေးမြင့်က မယူရတာနဲ့ ဘာနဲ့၊ ဘယ်လိုလုပ်မလဲဗျာ ကျောင်းသားတွေက တစ်နှစ်လုံးမှာ နှစ်ခုပဲအမှတ်ယူတဲ့ နှစ်ဝက်စာမေးပွဲကိုအားကိုးထားကြတာပါ။လုပ်သမျှခံနေကြရတဲ့ ကျွန်တော်တို့ဘ၀က တော်တော်လေးကို ရင်နာဖို့ကောင်းပါတယ်။ အဲဒီတော့ သမ္မတကြီးအပြင် တစ်နိုင်ငံလုံးကြားအောင် အားရပါးရသာအော်ပစ်လိုက်ချင်တော့တယ် ကြည့်လဲ လုပ်ပါဦး သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန ရေ............လို့.......
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...