Ads (728x90)

ရခိုင်နိုင်ငံရေးပါတီနှစ်ခုဖြစ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) တို့သည် ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်းရန် နှစ်ဖက်ပါတီအသီးသီးမှ ကော်မတီများ ဖွဲ့စည်းထားပြီဖြစ်ကြောင်း Eleven Media Group တွင် ဖော်ပြသည်။

ရခိုင္ဒီမိုကေ
ရစီအဖွဲ့ချုပ်ကို စတင်ထူထောင်ကတည်းက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ကြိုဆိုကြောင်း၊ လတ်တလော အခြေအနေတွင် ပါတီနှစ်ခုတရား ၀င်ပူးပေါင်းမှုမရှိသေးသော်လည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးသော ဆူပူအကြမ်းဖက်မှု အခြေအနေများ၊ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား တို့တွင် အလွတ်သဘော ပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ပြောကြားခဲ့သည်။

“ပါတီနှစ်ခု ပူးပေါင်းဖို့ ဆိုရင်တော့ ကျွန်တော်တို့ပါတီဖက်က အမြဲကြိုဆိုနေပါတယ်'' ဟု ၄င်းက မှတ်ချက်ပေးသည်။

ပါတီနှစ်ခုပေါင်းစည်းရေးအတွက် ပါတီဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင် ၅ ဦးပါကော်မတီတစ်ခုကို ဖွဲ့ထားကြောင်း ပူးပေါင်းမည့် ကိစ္စများကို အဆိုပါ ကော်မတီဝင်ကပဲ ဆုံးဖြတ်ကြမည်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးကျော်က ပြောကြားသည်။

“အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်လာရင် ဘယ်ပါတီနဲ့မဆို ပူးပေါင်းလုပ်ဆောင်သွားဖို့ အသင့်ပါပဲ။'' ဟု ၄င်းက ALD ပါတီ၏ မူဝါဒကို ညွှန်းဆိုကာ ပြောကြားခဲ့ပါသည်။

အဆိုပါ ရခိုင်ပါတီနှစ်ခုအား ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်တွင် ပါတီတစ်ခုတည်းအဖြစ် ပေါင်းစည်းသွားရန် ရခိုင်ပြည်သူများက ဆန္ဒရှိခဲ့ကြသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော ပါတီတစ်ခုဖြစ်ကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီတစ်ခု ဖြစ်ခဲ့ပြီး ပါတီဖျက်သိမ်းခံခဲ့ရကာ ၂၀၁၂ ဧပြီလတွင် ပါတီမှတ်ပုံပြန်တင်ခဲ့သည်။
 
By :

Rakhine Citizen Journalists

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...