Ads (728x90)



-

-

-

-
ဒီရက်ပိုင်းထဲမှာ ကာတွန်းပုံလေးနဲ့ မူရင်းပုံလေးနဲ့ တွဲပြထားပြီး www.site.google.com/name လိုပုံစံမျိုးတို့   www.name.blogspot.com ဆိုတဲ့ပုံစံမျိုး ဆိုက်လင့်နဲ့ တွဲပြီးပို့ လာတာမျိုးကို
မြင်တွေ့ ကြမယ်ထင်ပါတယ် သူတို့ ရေးထားတဲ့စာတွေ ( စိတ်ဝင်စားအောင်ဆွဲဆောင်ထားတဲ့စာ)
ကတော့ အမျိုးမျိုးပေါ့ ဒီ  Apps လေးကြောင့် မူရင်းပုံကနေ ဒီလိုချစ်စရာကောင်းတဲ့ကာတွန်းပုံ
လေး ဖြစ်သွားတယ်ဆိုတာမျိုး နောက်ပြီး အရမ်းမိုက်တဲ့  Apps လေးပါ စမ်းသုံးကြည့်ပါ
ကြိုက်သွားမှာပါ သင့်ရဲ့ ပုံကို ဒီလိုချစ်စရာကောင်းတဲ့ပုံလေးအဖြစ် မြင်တွေ့ ရမှာပါဆိုပီး
Link ပေးထားတာတွေကိုတွေ့ ရမှာပါ ( စာတွေကတော့အမျိုးမျိုးပေါ့ )

အဲ့ဒီမှာ သောက်ကမြင်းကျော ထတတ်သူတွေ ခံရဖို့  100% ပါပဲ ခံရပြီးတော့မှ အဖေကယ်ပါ
အမေကယ်ပါ အော်နေကြရင်တော့  အဲ့ဒီလောက်တောင် သောက်ကမြင်းကျောထချင်တာ
လက်တည့်စမ်းချင်တာ သေလေ အဲ့ဒီနေရာမှာတင်လဲသေလိုက်လို့ ပဲပြောတော့မယ်
ကိုယ်စိတ် ၀င်စားလို့  အဲ့ဒီ link လေးကို ၀င်ကြည့်လိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ
ကိုယ်ရဲ့   Facebook  Account နဲ့  အခြား အချက်အလက်တွေ ပါသွားပါလိမ့်မယ် အဲ့ဒီ link
တွေက  Phishing (  Email & Password ကိုထောင်ဖမ်းတဲ့ဟာ ) နဲ့   Auto Spam ( အလိုလျောက် ကိုယ်တောင်မသိလိုက်ရပါပဲ ဟို  Share ဒီ  Share တာ  Post တင်တာ ) တွေ
နောက်ကွယ်မှာ အလုပ်လုပ်သွားတယ် အဲ့ဒီတော့ အဲ့ဒီ လျှောက်ကမြင်းကျောထလိုက်တဲ့အတွက်
ကိုယ့်အကောင့်လေး ကိုသူတို့  ကောက်သိမ်းတဲ့အချိန်မှာပါသွားရောပါ့ အေးရောမဟုတ်ဘူးလား

အဲ့လိုဒီလိုပြောရင် ပြန်ပြောဦးမယ်ထင်တယ်  Facebook အကောင့်တွေက အလကားရနေတာ
ဖွင့်လို့ လွယ်မှလွယ် တစ်ကောင့်ပါသွားရင် နောက်တစ်ကောင့်ဖွင့်မယ်ပြောမယ်ထင်တယ်
ဟုတ်တာပေါ့ဗျာ ဇူကာဘတ်က အလွယ်တကူမဟုတ်တော့ပေမယ့် အလကားတော့ပေးဖွင့်နေ
တာပဲလေ ဒီတော့ခင်ဗျားတို့ ပြောအားရှိပေမပေါ့ ဒါပေမယ့် ကျွန်တော်တစ်ခုပြောလိုက်မယ်
ခင်ဗျားတို့  အကောင့်ရသွားပြီး ခင်းဗျားနာမည် ခင်ဗျား  Photo တွေ ခင်ဗျားရဲ့ အချက်အလက်တွေ
အားလုံးကို ခုတုံးလုပ်သွားပြီး ပေါက်တတ်ကရ လုပ်သွားမှာမျိုးတွေကို ခင်ဗျားမကြောက်ဘူးလား
အိုကေလေ .. မကြောက်ဘူးဆို ခုလို စိတ်ဝင်စားစရာတွေတွေ့ လာရင် လျှောက်ကလိကြည့်
လျှောက်ဝင်ကြည့်ဦးပေါ့ တစ်ကယ်လို့ ကြောက်တယ်ဆိုရင်တော့ နောက် ဘယ်တော့မှအဲ့လို
စိတ်ဝင်စားစရာတွေနဲ့ လာမျှားတဲ့အခါ ဘယ်တော့မှလက်တည့်မစမ်းပါနဲ့ ဆိုတာပါပဲ :)

ထပ်မံဖြည့်စွက်ချက်
-------------------------
Link ကို နှိပ်လိုက်တာနဲ့  ကိုယ်မသိလိုက်ရပဲ အလိုလျောက်ကိုယ့်အကောင့်က  Spammer ( စာတွေပုံတွေ လင့်တွေ လျှောက်ပို့ တာ ) ဖြစ်သွားတာမျိုးတို့   Facebook    Account ကို အော်တိုချိတ်ပြီး  Ok ပေးလိုက်တာနဲ့  ၀င်သွားတာမျိုးတို့  ဆိုရင်တော့ နောက်ကွယ်ကနေ အကောင့်အခိုးခံလိုက်ဖို့ များသွားပီ  Mobile နဲ့ အသုံးပြုတွေကို  Target ထားတာ များလာတော့ လင့်ကို နှိပ်မိသွားရင်  Facebook Log in  Page ရောက်သွားပြီး ၀င်ခိုင်းတာမျိုးတွေ ရှိတယ်   Mobile နဲ့ သုံးနေတာဆိုတော့ မူရင်း Link ကိုမမြင်ရ မသိရတော့ဘူး ကိုယ်မြင်တာက
နောက်တဆင့်ထပ်သွားဖို့  ဖေ့ဘွတ်ကို ၀င်ခိုင်းနေတာပဲမြင်ရတော့မယ် အဲ့ဒီမှာ
စိတ်ဝင်စားနေပီ နောက်တဆင့်ထပ်သွားလိုက်မယ်ဆိုရင်တော့ သေချာပြီ အကောင့်
မကြာခင် ပါသွားတော့မယ်လို့ သာမှတ်ထားလိုက်တော့ပဲ  :D

ဒီလောက်ပဲ သတိပေးမယ်ဗျာ ဒီလောက်ဆို သိကြရောပေါ့  :)

Aung Kyaw Soe  ( 12.10.2014 - 7:00 PM )

မိမိတို့ သိရှိပြီးသွားကြပြီဆိုပါလျှင် မိမိ၏ နီးစပ်ရာ သူငယ်ချင်းများကို ပြန်လည်
 Share လုပ်ပြီး အသိပေးလိုက်ကြပါဦး  :)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...