Ads (728x90)


လူသတ်မှုကျူးလွန်ကြောင်း စွပ်စွဲချက်ဖြင့် ထိုင်းနိုင်ငံ ကော့စမွီထောင်တွင် အကျဉ်းကျနေသော မြန်မာလုပ်သားနှစ်ဦးနှင့် မြန်မာသံရုံးမှ အထူးကိုယ်စားလှယ်အဖွဲ့တို့ အောက်တိုဘာ ၆ ရက်က တွေ့ဆုံနေစဉ် (ဓာတ်ပုံ − မင်းဦး)
ဗြိတိန်စုံတွဲအသတ်ခံရ မှုဖြင့် ဖမ်းဆီးခံရသော မြန်မာ လုပ်သားနှစ်ဦးက ထိုင်းရဲတပ် ဖွဲ့နှင့် စကားပြန်တို့၏ ရိုက်နှက် စစ်ဆေးမှုကြောင့် ပြစ်မှုမကျူး လွန်ဘဲ ကျူးလွန်သည်ဟု ထွက် ဆိုရခြင်းဖြစ်ကြောင်း မြန်မာ သံရုံးအထူးအဖွဲ့ကို ပြောဆိုလိုက် ပြီး အမှုမှန်ပေါ်ပေါက်ရေး ကူညီ ပေးရန် မြန်မာအစိုးရအား ကာယ ကံရှင်နှစ်ဦးက တောင်းဆိုလိုက် ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၆ ရက်တွင် မြန်မာသံရုံးအထူးအဖွဲ့သည် ဖမ်း ဆီးခံမြန်မာလုပ်သားနှစ်ဦး ထား ရှိရာ ကော့စမွီထောင်သို့ သွား ရောက်၍ တွေ့ဆုံမေးမြန်းရာ ၎င်းတို့နှစ်ဦးက မြန်မာသံရုံးအ ထူးအဖွဲ့အား ထိုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။‘‘သူတို့ အဲဒီညမှာ ဂစ်တာ တီးပြီး ဘီယာသောက်နေတယ်ဆို တာ ၀န်ခံပါတယ်။ အဲဒီအသတ်ခံ ရတဲ့ သူတွေနဲ့ ၂၅ ကိုက်လောက် မှာ ရှိနေတယ်လို့ ပြောတယ်။ သူ တို့ လုပ်ပါတယ်လို့ မပြောဘူး။ ထိုင်းရဲဘက်က မြန်မာစကားပြန် တစ်ယောက်က ရိုက်နှက်လို့၊ ရဲ တွေက ရိုက်နှက်လို့ ပြောလိုက် တာပါလို့ ပြောတယ်။ နောက် ပြီး နည်းပညာနဲ့ အမှုမှန်ကို ပေါ် ပေါက်အောင် လုပ်ပေးပါလို့ အ စိုးရကို အကူအညီတောင်းတယ်။ သူတို့ကြည့်ရတာ သနားစရာပါ ပဲ။ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာ တွေတွေ့တယ်။ ဒီနေ့တွေ့ရှိချက် တွေအားလုံးကို မြန်မာအစိုးရဆီကို ချက်ချင်းအကြောင်းကြား ထားပါတယ်’’ ဟု ဖမ်းဆီးခံ မြန် မာလုပ်သားနှစ်ဦးအား စစ်ဆေး မေးမြန်းရန် စေလွှတ်လိုက်သော မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က 7Day Daily အား ပြောကြားသည်။
ထိုင်းရဲတပ်ဖွဲ့သည် ပြစ်မှု ကျူးလွန်သည်ဟု ၀န်ခံထားသော သူနှစ်ဦးကို ကော့စမွီထောင်တွင် ထားရှိပြီး ပြစ်မှုကျူးလွန်သည်ဟု ၀န်ခံခြင်းမရှိသည့် မြန်မာလုပ် သားတစ်ဦးကို တည်းခိုခန်းတစ်ခု တွင် ထားရှိကြောင်း ရှေ့နေဦး အောင်မျိုးသန့်က ဆက်လက်ပြောသည်။
သို့သော် မြန်မာ့သံရုံးအထူးအဖွဲ့ သည် တည်းခိုခန်းတွင် ထားရှိ သော မြန်မာလုပ်သားတစ်ဦးနှင့် တွေ့ခွင့်ရရန် ထိုင်းအာဏာပိုင် များအား တောင်းဆိုရာ ထိုင်းအာ ဏာပိုင်များက တရားလိုပြသက် သေပြရန်အတွက် ထားရှိသော သူဖြစ်သောကြောင့် တွေ့ခွင့်မ ပေးကြောင်း သတင်းရရှိသည်။
ထို့အတူ မြန်မာသံရုံးအထူး အဖွဲ့သည် အမှုတွဲတစ် ခုလုံးအား စစ်ဆေးရန် တောင်းဆိုရာ တရားခွင်တင်သွင်းခြင်း မရှိသေး၍ ထိုင်းအာဏာပိုင်များက စစ်ဆေးခွင့်မပြုကြောင်း ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။
တရားခံဟု စွပ်စွဲခံထားရ သော မြန်မာလုပ်သားနှစ်ဦးက အမှုမှန်ပေါ်ပေါက်ပေးရန် မြန်မာ အစိုးရအား အကူအညီ တောင်း လိုက်ခြင်းကြောင့် မြန်မာအစိုးရ ပိုင်းက မည်သို့ လုပ်ဆောင်သွား မည်ကို သိရှိရန် နိုင်ငံတော်သမ္မတ ရုံးသို့ အောက်တိုဘာ ၆ ရက်ညနေပိုင်းက ဆက်သွယ်မေးမြန်းရာ ဖြေကြားမှု မရရှိခဲ့ပေ။
‘‘ဟိုကလေးတစ်ယောက်နဲ့ လည်း တွေ့ခွင့်တောင်းတာ ခွင့် မပြုဘူး။ သူက သက်သေပြဖို့ ထားရှိတာလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့က မပြန်ပါဘူး။ အဲ ဒီကလေးနဲ့ တွေ့ခွင့်ရမှ ဖြစ်မှာ ပါ။ မြန်မာအစိုးရဘက်ကိုလည်း တွေ့ခွင့်ရအောင် ပြုလုပ်ဖို့အ တွက် အကြောင်းကြားထားပါ တယ်’’ ဟု ဖမ်းဆီးခံ မြန်မာလုပ် သားသုံးဦး သွားရောက်မေးမြန်း စစ်ဆေးရာတွင် ပါဝင်သည့် ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) အမှုဆောင်ဒါရိုက် တာ ဦးကျော်သောင်းက ပြော သည်။
ဗြိတိန်စုံတွဲ အသတ်ခံရမှုတွင် ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားများအား တရားခံဟု စွပ်စွဲလိုက်ခြင်းကြောင့် ထိုင်းပြည်သူများနှင့် မီဒီယာများက ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ထိုင်းအခြေစိုက် Cross Cultural (NGO) အဖွဲ့အစည်းတစ်ခုကလည်း  မြန်မာရွှေ့ပြောင်းလုပ်သား သုံးဦးအား တ ရားခံဟု ထုတ်ပြန်လိုက်ခြင်းနှင့် ပတ်သက်၍ အမှုပြန်လည်စစ် ဆေးရန် ထိုင်းရဲတပ်ဖွဲ့ထံ တောင်း ဆိုထားသည်။
ဗြိတိန်စုံတွဲ အသတ်ခံရမှု နှင့်ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားသုံးဦးကို အောက် တိုဘာ ၁ ရက်တွင် ဖမ်းဆီးခဲ့ သည်။ ဖမ်းဆီးခံရသည့် မြန်မာ လုပ်သား သုံးဦးအနက် နှစ်ဦး သည် လူသတ်တရားခံများဖြစ် သည်ဟု ထိုင်းရဲတပ်ဖွဲ့ထံ အောက်တိုဘာ ၂ ရက်တွင် ၀န်ခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ၀န်ခံခဲ့သော မြန်မာလုပ် သားနှစ်ဦးသည် ဗြိတိန်စုံတွဲအ သတ်ခံရမှုနှင့်ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်ပွားပြီး နောက်တစ်နေ့ဖြစ်သော စက် တင်ဘာ ၁၆ ရက်တွင် ဖမ်းဆီး၍ စစ်ဆေးမေးမြန်းခဲ့ပြီး တရားခံများ မဟုတ်ဟုဆိုကာ ထိုနေ့၌ပင် ပြန် လွှတ်ပေးခဲ့သောသူနှစ်ဦးပင် ဖြစ် သည်။
အခင်းဖြစ်ပွားရာ ခိုတောင် ကျွန်းတွင် Full Moon (လပြည့် ည) ပွဲတော် ပြုလုပ်လေ့ရှိရာ ထို ည၌ ဗြိတိန်စုံတွဲ အသတ်ခံရ ပြီး ကျွန်းတာဝန်ရှိသူများက ပွဲ တော်ပြုလုပ်လေ့ရှိသည့် နေရာ သို့ ရွှေ့ပြောင်းမြန်မာလုပ်သား များ လာရောက်ခွင့်မရှိကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ဆို သည်။
ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော အသက် (၂၄) နှစ်အရွယ် ဗြိတိန်နိုင်ငံသား ဒေး ဗစ်မီလာနှင့် အသက် (၂၃) နှစ် အရွယ် ဟန်နာယီသာရစ်ခ်ျတို့ သည် စက်တင်ဘာ ၁၄ ရက် ညဥ့် သန်းခေါင်တွင် ထိုင်းနိုင်ငံတောင် ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင် ကျွန်း (လိပ်ကျွန်း) ၌ အသတ်ခံခဲ့ ရခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်တွင် ၎င်းတို့၏ အလောင်း များတွေ့ခဲ့ခြင်းဖြစ်သည်။
7Day Daily

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...