Ads (728x90)


___________________________________________________________
-ကန့်ကွက်နေတဲ့ ကြားထဲကနေ ဦးဇင်းကို ၀င်ခွင့်ပြုတဲ့အတွက်
သီရိလင်္ကာသမ္မတကြီးရဲ့ ဗုဒ္ဓသာသနာအပေါ်ထားတဲ့စိတ်ထားကို အထူးလေးစား ဂုဏ်ယူမိပါတယ်...
-ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီးများကို အနိုင်ကျင့် ဖျက်ဆီး နှိပ်စက် အုပ်စုဖွဲ့ စော်ကားခံနေရခြင်း... ဂျီဟက်ဝါဒီများ လက်ချက်ကြောင့် အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးနေရခြင်းများသည် ကမ္ဘာ့မီဒီယာများ လျစ်လျူရှုထားကြတဲ့ တကယ့်ဖြစ်ရပ်အမှန်များ ဖြစ်ပါတယ်ဘုရား...
-ဂျီဟက်ဝါဒီများတို့၏ စနစ်တကျ လုပ်ကြံမှုများကြောင့် ကမ္ဘာသူ ကမ္ဘာသားများက ဗုဒ္ဓဘာသာဝင်တွေအပေါ် အထင်အမြင် လွဲမှားနေကြပါတယ်ဘုရား...
- လုပ်ကြံတိုက်ခိုက်နေသူတွေကို လူကောင်းထင်နေကြပြီး ခုခံကာကွယ်နေကြသူများကို လူဆိုးထင်နေကြတာဟာ ဂျီဟက်ဝါဒီတို့ဖက်မှာ အင်အားကြီး မီဒီယာတို့ရှိကြောင်း ခိုင်မာတဲ့ သက်သေတွေပဲ ဖြစ်ပါတယ်ဘုရား...
- ကမ္ဘာ့အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင်များသည် လူနည်းစုဖြစ်ပါသည်။ ထိုလူနည်းစုများကို ကာကွယ်စောင့်ရှောက်နိုင်လေမှ ကမ္ဘာကြီး အမှောင်မကျရောက်နိုင်မှာ ဖြစ်ပါတယ်။
-နေမင်း လမင်း ကွယ်ပျောက်သော်လည်း လျှပ်စစ်စွမ်းအင်ကြောင့် အမှောင်မကျနိုင်ပါ၊ ဗုဒ္ဓတရားတော်များ ကွယ်ပသွားလျှင်ကား ကမ္ဘာကြီးဟာ အမှောင်အတိ ဖြစ်သွားနိုင်ပါတယ်။
-ဗုဒ္ဓဘာသာ ကျရှုံးခြင်းဟာ ကမ္ဘာကြီး ကျရှုံးခြင်းပဲ ဖြစ်ပါတယ်။
-ကမ္ဘာ့နိုင်ငံအသီးသီးမှာ သာသနာပြုနေကြတဲ့ ဗုဒ္ဓဘာသာ သံဃာတော်များအနေနဲ့ ဒီကနေ့ ဗုဒ္ဓဘာသာဟာ အန္တရာယ်ကျရောက်နေပြီဖြစ်လို့ သတိကြီးကြီး.. မျက်စိကြီးကြီး.. နားကြီးကြီး ထားကြစေလိုပါသည်ဘုရား...
- အချက်ပေး ခေါင်းလောင်းသံကြားရင် လက်တွေ ခိုင်မြဲအောင်တွဲထားဖို့ လိုပါသလို တစ်နေရာမှာ အန္တရာယ်ကျရောက်နေပြီဆိုရင် ကျန်တဲ့နိုင်ငံများက ၀ိုင်းဝန်းစောင့်ရှောက်ဖို့ လိုပါတယ်။
-လူနည်းစု... လူနည်းစုလို့ အော်နေကြတဲ့ ကမ္ဘာကြီးကိုလည်း ပြောလိုက်ချင်ပါတယ်။ ကမ္ဘာလူဦးရေနှင့် နှိုင်းစာလျှင် မပြောပလောက်ပြီဖြစ်တဲ့ လူနည်းစု ဗုဒ္ဓဘာသာဝင်များရဲ့ စိုးရိမ်ပူပန်းမှုများကိုလည်း စာနာပေးကြပါဦးခင်ဗျာ....
-သားမယားကို ချစ်မြတ်နိုးသူဟာ သားမယားကို ကာကွယ်စောင့်ရှောက်ကြသလို.... စည်းစိမ်ဥစ္စာကို တန်းဖိုးထားကြသူတွေဟာ စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ကြသလို... ဗုဒ္ဓသာသနာကို လေးစား တန်းဖိုးထားကြသူများဟာလည်း ဗုဒ္ဓသာသနာကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိကြောင်းနှင့် ကာကွယ်စောင့်ရှောက်ကြခြင်းကိုလည်း အပြစ်မမြင်ကြဖို့ အထူးသဖြင့် ကမ္ဘာကြီးကို ပြောကြားလိုပါတယ်။
-သီရိလင်္ကာမှ Bodu Bala Sena အဖွဲ့ကြီးနှင့် မြန်မာနိုင်ငံမှ ၉၆၉- မဘသ အဖွဲ့များဟာ အကြမ်းမဖက် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဗုဒ္ဓသာသနာကို ကာကွယ်စောင့်ရှောက်နေကြတဲ့ အဖွဲ့များ ဖြစ်ကြပါတယ်...
- မယဉ်ကျေး မလိမ္မာတဲ့သူများကို လိမ္မာယဉ်ကျေးလာအောင် ဆုံးမဖို့ရာ ဘုရားသားတော်များဖြစ်တဲ့ ဆရာတော်သံဃာတော်များမှာ တာဝန်ရှိပါတယ်ဘုရား....
- ကမ္ဘာ့လူသားတွေအားလုံး စိတ်ပိုင်းဆိုင်ရာ အသိဉာဏ်ဖွံ့ဖြိုးလို့ လိမ္မာရေးခြား ရှိကြပြီဆိုရင်... ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့ကြပြီဆိုရင်.. ကမ္ဘာကြီး အမှန်တကယ် ငြိမ်းချမ်းလာမှာ ဖြစ်ပါတယ်ဘုရား.... စသည်...
ကမ္ဘာကြီး ငြိမ်းချမ်းပါစေ....
လွတ်လပ်စွာ ကိုးကွယ်ခွင့် ရကြပါစေ....
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ..


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...