Ads (728x90)

မကြာခင် ဆင်းကတ်တွေ ဖြန့်ချိတော့မယ့် တယ်လီနောက ဘယ်အော်ပရေတာကို ဖုန်းခေါ်ခေါ် ၂၅ ကျပ်ထက်မပိုတဲ့ ဈေးနှုန်း နဲ့ ခေါ်ဆိုနိုင်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
စက်တင်ဘာလအတွင်း ဆင်းကတ်တွေဖြန့်ချိတော့မယ့် တယ်လီနောကုမ္ပဏီအနေနဲ့ ဖုန်းခေါ်ဆိုခတွေကို အကြမ်းဖျင်းသတ်မှတ်ပြီး သွားပြီးဖြစ်ပြီး ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့ကြီးတွေမှာ စတင်ဖြန့်ချိသွားမယ်လို့ တယ်လီနော ပြန်ကြားရေးဌာန တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုစိုးသူထွန်းက ပြောပါတယ်။
Telenor simအင်တာနက်ဈေးနှုန်းတွေ ဘယ်တော့ စတင်ဖြန်ချိမယ်၊ ဘယ်တိုင်းကနေ စတင်ဖြန့်ချိမယ် ဆိုတာတွေ မထုတ်ပြန်ထားကြောင်း၊ အွန်လိုင်းပေါ် မှာ ကောလာ ဟလတွေ ပြန့်နေ တာဖြစ်ကြောင်း ဆိုပါတယ်။
တယ်လီနောအနေနဲ့ အင်တာနက်မြန်နှုန်းမြင့်ဖို့အတွက် အပြင်ဖုန်းအသံ ကြည်ကြည်လင်လင်ရှိစေဖို့နဲ့ error မဖြစ်စေဖို့ ကြိုပြီး စမ်းသပ်မှုတွေ မပြတ်လုပ်နေတယ်လို့ ဆိုပါတယ်။
ပြည်သူတွေကို ၀န်ဆောင်မှု ကောင်းကောင်းပေးနိုင်တဲ့ နေရာတွေမှာ ဦးစားပေး ဖြန့်ချိသွားမှာလို့ ဆိုပါတယ်။
တယ်လီနောအနေနဲ့ ပြည်တွင်းမှာလည်း သတ်မှတ်တဲ့ တာဝါတိုင်တွေ ပြည့်မီအောင် စိုက်ထူနိုင်ခြင်း မရှိဘူးလို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာပါတယ်။
နဂိုကဆင်းကတ်တွေ ပထမ ဦးဆုံး စပြီး ဖြန့်ဖြူးရောင်းချချိန် တာဝါတိုင် ၈၀၀ ကနေ ၁၀၀၀ ကြား တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ထားပေမယ့် ခုအခါ တာဝါတိုင် ၆၀၀ ၀န်းကျင်လောက်ပဲ တည်ဆောက်ပြီးစီးတယ်လို့ ဆိုပါတယ်။
ဒီလို ဖြစ်ရတာဟာ ပြည်ပ ဆက်သွယ်ရေး အော်ပရေတာတွေအနေနဲ့ တာဝါတိုင် ဆောက်ရာမှာ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကနေ မြေပါမစ် မရတာ၊ တချို့နေရာတွေမှာ မြေယာပိုင်ဆိုင်မှု အငြင်းပွားတာ၊ တချို့နေရာတွေမှာ ဒေသခံတချို့က ကန့်ကွက်တာတွေကြုံရလို့ နှောင့်နှေးရတာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ခုလို ကိစ္စမျိုး အစိုးရ ဆက်သွယ်ရေးကတော့ ကြုံရတာ မကြားမိဘူးလို့ တယ်လီနော မြန်မာ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ပြောပါတယ်။
အသံဖိုင်နားဆင်ရန်
 

Go to Source
အသံဖိုင်နားဆင်ရန်


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...