Ads (728x90)

Photo: ရေခဲတောင်မှာပျောက်နေသူ ၂ ဦးရဲ့ မိသားစုများ ပူတာအိုသွား 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ခါကာဘိုရာဇီတောင်တက်သမား ၂ ဦးကို ရှာဖွေကယ်ဆယ်ရေး ခရီးစဉ်စချိန်မှာပဲ သူတို့ရဲ့ မိသားစုဝင်တွေကိုလည်း ပူတာအိုမြို့ကို သွားရောက်ဖို့ စီစဉ်ပေးလိုက်ပြီဖြစ်ကြောင်း ထူးဖောင်ဒေးရှင်းက ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဆက်အသွယ်ပြတ်နေတဲ့ သူတို့ ၂ ယောက်ကတော့ ကိုအောင်မြင့်မြတ်၊ ကိုဝေယံမင်းသူတို့ ဖြစ်ပါတယ်။

ထုတ်ပြန်ချက် မူရင်းကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

တက္ကသိုလ် ခြေလျင်နှင့်တောင်တက်အသင်း ( သဘာဝခေါ်သံ ဖောင်ဒေးရှင်း)မှ ကိုအောင်မြင့်မြတ် နှင့် ကိုဝေယံမင်းသူတို့နှစ်ဦးသည် မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ်ရှိ အမြင့်ပေ (၁၉၂၉၆)ပေ မြင့်မားသည့် အရှေ့တောင်အာရှ၏ အမြင့်ဆုံး ခါကာဘိုရာဇီ ရေခဲတောင်သို့ တက်ရောက်ကာ တောင်ထိပ်၌ မြန်မာနိုင်ငံအလံ အောင်မြင်စွာ စိုက်ထူခဲ့ပြီး ပြန်အဆင်း သြဂုတ်လ (၃၁)ရက်နောက်ပိုင်းတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါသည်။

ထူးဖောင်ဒေးရှင်း နာယက ဦးတေဇနှင့်အဖွဲ့၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်း ဥက္ကဌ ဦးမျိုးသန့်နှင့် အဖွဲ့သားများသည် ပူတာအို အခြေစိုက် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပျောက်ဆုံးနေသည့် တောက်တက်သမား(၂)ဦးအား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

ယနေ့တွင် အဲပုဂံလေကြောင်းလိုင်းမှ Chartered Flight စင်းလုံးငှားလေယာဉ်ဖြင့် ပျောက်ဆုံးနေသည့် တောင်တက်သမား(၂)ဦး၏ မိသားစုများအား ပူတာအိုသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ရှာဖွေရေး လုပ်ငန်းသုံး ရဟတ်ယာဉ်များအတွက် ဆီများကို Htoo Apex Petroleumမှ ပံ့ပိုးကူညီနေပြီး ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ၊ တောင်တက်ပစ္စည်း ကိရိယာများအတွက် AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်) က ထောက်ပံ ကူညီပေးနေပါသည်။

ဆက်သွယ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ထူးဖောင်ဒေးရှင်းနာယက ဦးတေဇကိုယ်တိုင် ပန်နန်းဒင်ကျေးရွာသို့ ကျွမ်းကျင်ပညာရှင်များ ခေါ်ဆောင်ကာ သွားရောက် ကွပ်ကဲမည်ဖြစ်သည်။

နောက်ဆုံးရ သတင်းများကို ထပ်မံတင်ပြသွားပါမည်။

ခါကာဘိုရာဇီတောင်တက်အဖွဲ့ဝင်တဦး  (Photo: Invitation of Nature Foundation / Facebook)

 
ဧရာဝတီ
မြန်မာနိုင်ငံ မြောက်ဖျားက ခါကာဘိုရာဇီ ရေခဲတောင်ထိပ်ကို အောင်အောင်မြင်မြင် တက်ပြီးတဲ့နောက်လွန်ခဲ့ တဲ့ သောကြာနေ့ကတည်းက တောင်ခြေကအဖွဲ့တွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တဲ့ တောင်တက် အဖွဲ့ဝင်နှစ်ဦးကို သက်ဆိုင်ရာက ရှာဖွေရေးအစီအစဉ်တွေ စတင်နေပြီလို့ သိရပါတယ်။
အဲဒီ ရေခဲတောင်ကိုတက်ခဲ့တဲ့ တောင်တက်အဖွဲ့မှာ အဖွဲ့ဝင် ရှစ်ဦးပါဝင်ခဲ့ပြီး၊ လမ်းကျဉ်းလွန်းတဲ့အတွက် ခြောက်ဦး က တောင်ခြေမှာစခန်းချနေခဲ့ကာ အောင်မြင့်မြတ်နဲ့ ဝေယံမင်းသူတို့နှစ်ဦးက ဆက်တက်ခဲ့တယ်လို့  တောင်တက် အဖွဲ့ခေါင်းဆောင် ဦးမျိုးသန့်က ပြောပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့က တောင်ထိပ်အထိ ရောက်ခဲ့ကြပြီး၊ တောင်ခြေစခန်းကို ပြန်အဆင်းမှာ သူတို့နှစ်ဦးအသုံးပြုခဲ့ တဲ့ GPS ဆက်သွယ်ရေးကိရိယာမှာ ဘက်ထရီအား ချို့ယွင်းခဲ့တဲ့အတွက် အဆက်အသွယ် ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
တောင်ခြေကို ပြန်လည်ရောက်ရှိလာပြီလို့  တချို့သတင်းတွေမှာ စောစောပိုင်းက ဖေါ်ပြထားပေမယ့် နောက်ဆုံးရတဲ့ သတင်းတွေမှာတော့ ပြန်ရောက်လာကြတာ တခြားအဖွဲ့ဝင်တွေသာဖြစ်ပြီး  သူတို့နှစ်ဦး မပါဝင်ဘူးလို့ သိရပါတယ်။
အခုအခါ ထူးဖေါင်ဒေးရှင်းက ဦးတေဇရဲ့ အကူအညီရယူပြီး  သူတို့ကို ရဟတ်ယာဉ်နဲ့ရှာဖွေနေပြီလို့  AP နဲ့ AFP သတင်းဌာနတွေက သတင်းထုတ်ပြန်ပါတယ်။ ထူးဖောင်ဒေးရှင်း ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလဲ  ကယ်ဆယ်ရေး ရဟတ်ယာဉ်နှစ်စီး၊ အရေးပေါ်အချက်ပြ ဆက်သွယ်ရေးကိရိယာများ ဆေးဝါးပစ္စည်းများနဲ့  အတူရှာဖွေရေး လုပ်ငန်းစနေပြီလို့ ဖေါ်ပြထားပါတယ်။
ခါကာဘိုရာဇီ တောင်ဟာ အမြင့်ပေ ၁၉၂၉၅ ရှိပြီး အရှေ့တောင်အာရှဒေသမှာ အမြင့်ဆုံးတောင်ထွတ်လို့ သတ်မှတ်ထားပါတယ်။
ဒီ ခါကာဘိုရာဇီတောင်ထိပ်ကို Takashi Ozaki ဆိုသူ ဂျပန်လူမျိုး တောင်တက်သမား တစ်ဦးက ၁၉၉၆ ခုနှစ်က ပထမဆုံး တက်ရောက်နိုင်ခဲ့ပြီိး မြန်မာအဖွဲ့က အခုဟာပထမဆုံး တက်ရောက်နိုင်တာ ဖြစ်ပါတယ်။

RFA

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...