Ads (728x90)

-------------------------------------------------------------------------------

ကိုယ့်နိုင်ငံမှာ တိုင်းတပါးသား(နိုင်ငံခြားသား)တစ်ယောက်ယောက်
အကြောင်းအမျိုးမျိုးကြောင့် သေသွားခဲ့ရင် သက်ဆိုင်ရာနိုင်ငံတိုင်းက
သူတို့ နိုင်ငံသားအတွက် ဟိုလိုလုပ်ပေးဒီလိုလုပ်ပေး သူတို့ နိုင်ငံက
အစိုးရတွေ အရမ်းကောင်းပါတယ် သမ္မတတွေ အရမ်းကောင်းပါတယ်
ကိုယ့်နိုင်ငံအတွင်းမှာလာဖွင့်ထားတဲ့ သံရုံးတွေအရမ်းကောင်းပါတယ်
နောက်ဆုံးနိုင်ငံခြားသားတစ်ယောက်သေဆုံးသွားခဲ့ရင် ကိုယ့်နိုင်ငံက
လျော်ကြေးပေးရတာတွေ အဲ့ဒီသေသွားတဲ့နိုင်ငံသားရဲ့ နိုင်ငံက
ကိုယ့်နိုင်ငံကို ဖိအားတွေအမျိုးမျိုးပေးတယ် နောက်ဒါမျိုးတွေမဖြစ်အောင်
အတတ်နိုင်ဆုံး သူတို့ နိုင်ငံသားတွေကို စောင့်ရောက်ပေးပါကာကွယ်ပေးပါ
နဲ့ တိုက်တွန်းပြောဆိုကြတယ် ခုမလေးမှာ ကိုယ့်ရွှေမြန်မာတွေခနတိုင်း
ဟောတစ်ယောက် ဟောတစ်ယောက်နဲ့ ခနတိုင်းပဲအသတ်ခံနေရတယ်။

မြန်မာပြည်က တာဝန်ရှိသူတွေ ဘာတွေများလုပ်ပေးခဲ့ကြပါလိမ့်
အထက်မှာပြောခဲ့သလို ကိုယ့်နိုင်ငံသားအတွက် သူများနိုင်ငံတွေက
ကျင့်သုံးတဲ့နည်းစနစ်တွေ သူတို့ တွေဖိအားပေးသလို ထိထိရောက်ရောက်
ဖိအားပေးခဲ့တာမျိုးတွေများရှိလား(မရှိလို့ လဲ ခနတိုင်းအသတ်ခံနေရတာပေါ့)
တိုင်းတစ်ပါးမှာ ရောက်နေတဲ့နိုင်ငံသားတွေကို ကာကွယ်မပေးချင်ကြတော့တာလား
တစ်ယောက်အသတ်ခံလိုက်ရလဲ အသတ်ခံလိုက်ရတာပဲရှိတယ် နောက်ဆက်တွဲ
အဲ့ဒီသေဆုံးသူအတွက်လျော်ကြေးဆိုတာမရှိ နောက်ထပ် အဲ့လိုမျိုးထပ်မဖြစ်အောင်
ကာကွယ်ပေးနိုင်မှုမရှိ ထိထိရောက်ရောက်ဖိအားပေးနိုင်မှုမရှိ သေသွားပြီးရင်
သေသွားတာပဲအဖတ်တင်တယ် အဲ့ဒီသေသွားသူနဲ့ ပါတ်သက်ပြီးတော့
နောက်ထပ်ဇာတ်လမ်းကဘာဆိုဘာမှမရှိတော့ဘူး အဲ့ဒါကြောင့်လဲ
မလေးရောက် မြန်မာနိုင်ငံသားတွေ တစ်ယောက်ပြီးတစ်ယောက်
အသတ်ခံနေရတာပဲ ကိုယ့်သားသမီး ကိုယ့်ဆွေမျိုးမဟုတ်ပေလို့ များ
လျှစ်လျှူ ရှုနေကြတာများလား လို့ တောင် မြန်မာပြည်ကတာဝန်ရှိသူတွေကို
မေးချင်လိုက်တာ။

ဒါနဲ့ မြန်မာပြည်က အာဆီယံဥက္ကဌ တာဝန်ယူထားတာနော်
ဒါနဲ့ များတောင် အာဆီယံနိုင်ငံတွေထဲက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မလေးမှာဖြစ်တဲ့
မြန်မာတွေအသတ်ခံရမှုတွေအတွက် ဘာမှထိရောက်တဲ့လုပ်ဆောင်မှုမျိုး
ဖိအားပေးမှုမျိုးတွေလုပ်မပေးနိုင်ဘူး ( လုပ်မပေးသေးဘူး ) ဟူး.....
မလေးရောက်နေတဲ့ ရွှေမြန်မာတို့ ရေ ကိုယ့်ကံကြမ္မာ ကောင်းဖို့ ကိုယ့်ဘာသာပဲ
ဆုတောင်း ကိုယ့်ခေါင်းမပြတ်ဖို့ ကိုယ့်သမိုင်းကို ကိုယ်ရေးဖို့ ပဲလိုနေပြီထင်တယ်
ခင်ဗျားတို့ တွေအတွက်တော့ တကယ်ရင်လေးမိပါတယ်ဗျာ...

Aüñg Kÿáw Sôë (13.7.2014 - 3:22 PM )
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...