Ads (728x90)

Photo: မြန်မာယူ၁၉ (၂-၁)ဂိုးဖြင် အင်ဒိုနီးရှား ယူ၁၉ အသင်းကို အနိုင်ရရှိ
------------------------------------------------------------------

 အင်ဒိုနီးရှား နိုင်ငံတွင် ဖိတ်ခေါ်ပွဲစဉ်များ သွားရောက်ယှဉ်ပြိုင် ကစားနေသော မြန်မာ့ လက်ရွေးစင် ယူ၁၉ အသင်းသည် ယနေ့ညပိုင်းက အင်ဒိုနီးရှား ယူ၁၉ လက်ရွေးစင် အသင်းနှင့် ဒုတိယမြောက် ပွဲစဉ်ယှဉ်ပြိုင် ကစားခဲ့ရာ (၁-၂)ဂိုးဖြင့် အနိုင်ရရှိ သွားကြောင်း သတင်းရရှိသည်။ အဆိုပါ ပွဲစဉ်တွင် အိမ်ရှင် အင်ဒိုအသင်းက ပထမပိုင်းပွဲချိန် ၄၅ မိနစ်တွင် ပြစ်ဒဏ်ဘောမှ Ilham Udin သွင်းဂိုးဖြင့် (၁-၀)ဂိုး ဦးဆောင်နေခဲ့ပြီး မြန်မာအတွက် ဒုတိယပိုင်း ရောက်မှသာ ချေပဂိုးနှင့် အနိုင်ဂိုး သွင်းယူနိုင်ခဲ့ ခြင်းဖြစ်သည်။ ကွင်းလယ်ဒိုင် Tariq Al Katiri က မြန်မာနှင့် အင်ဒို ကစားသမား တစ်ဦးစီအား အနီကတ်ပြ ထုတ်ပယ်ခဲ့သဖြင့် ၁၀ ဦးစီဖြင့်သာ ဒုတိယပိုင်းအား ယှဉ်ပြိုင်ကစား စေခဲ့ရကြောင်း အင်ဒိုနီးရှား မီဒီယာများ၏ ရေးသားဖော်ပြ ချက်အရ သိရှိရသည်။

မြန်မာအသင်းအတွက် ပွဲချိန် ၈၉ မိနစ်တွင် မောင်မောင်စိုးက ချေပဂိုး သွင်းယူပေးခဲ့ပြီး နောက်ကျ အနိုင်ဂိုးကို ပွဲချိန် ၉၁ မိနစ်တွင် နန္ဒကျော်က သွင်းယူကာ အင်ဒိုနီးရှား ယူ၁၉ အသင်းကို ရှုံးပွဲကြုံတွေ့ ခဲ့စေခြင်းဖြစ်သည်။ မြန်မာ ယူ၁၉ အသင်းသည် ယခုနှစ်ဧပြီလ ကလည်း ရန်ကုန်တွင် ဂျပန်လက်ရွေးစင် ယူ၁၉ အသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရထားသော အသင်းဖြစ်သည်။ မြန်မာနှင့်အင်ဒို အသင်းတို့ ပထမခြေစမ်း ပွဲတွင်မှု တစ်ဖက်တစ်ဂိုးစီ သရေ ပွဲဖြစ်ခဲ့သည်။

အင်ဒိုနီးရှား အသင်းသည် မြန်မာအသင်း ကဲ့သို့ပင် အာရှ ယူ-၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် အသင်းတစ်သင်း ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် အာရှ အသက် ၁၉နှစ်အောက် ပြိုင်ပွဲတွင် အုပ်စု (က)၌ အီရန်၊ ထိုင်း၊ ယီမန် အစရှိသည့် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျှက် ရှိကာ အင်ဒိုနီးရှား အသင်းမှာမူ အုပ်စု (ခ)တွင် ဥဇဘက်ကစ္စတန်၊ သြစတြေးလျ၊ ယူအေအီးတို့နှင့် ကျရောက်နေသည်။

ယနေ့ ခြေစမ်းခဲ့သည့် ကစားသမား စာရင်း

Indonesia:Ravi Murdianto (pg), Putu Gede Juni Antara, Muhammad Fatchu Rahman, Evan Dimas Darmono (k), Muhammad Hargianto, Muchlis Hadi Ning Syaifulloh/Dimas Drajat, Muhammad Sahrul Kurniawan, Maldini Pali/Yabes Roni, Hansamu Yama Pranata (KK), Zulfiandi/Paulo Sitanggang dan Ilham Udin Armayin/David Maulana.

Myanmar:

Myo Min Latt (GK), Htike Htike Aung, Naing Lin Tun, Nanda Kyaw, Maung Maung Soe, Aung Thu,Than Paing, Shine Thura, Yan Naing Oo, Mg Mg Lwin, Yan Lin Aung, Myo Ko Tun, Chit Hla Aung dan Nan Wai Min.

သတင်းနှင့် ဓာတ်ပုံ (အင်တာနက်- http://sidomi.com)

Ref ; #MFF ------------------------------------------------------------------

သတင်းနှင့် ဓာတ်ပုံ (အင်တာနက်- http://sidomi.com/)

Ref ; #MFF

Myanmar Sports New's

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...