Ads (728x90)



-----------------------------------------------------------------------

၁) Premier Coffee မှ KL - Myanmar အတွက် လေယဉ်လက်မှတ်ကို ၀ယ်ပေးမယ်လို့  လုပ်ပေးမည်လို့ ဆိုပေမယ့် အေးဂျင့်များကသာ အလုပ်သမားဆီက ငွေယူကာ အေးဂျင့် ကယ်တင်ရှင်ကြီးများက အဲလို KL-Myanmar အတွက် အလုပ်သမားများကို စရိပ်ပေးစေပြီး အလှူအတန်း ပေးခဲ့ပါတယ်၊ အလုပ်သမားများမှ မလွန်ဆန်နိုင်လို့  လစာထဲက ဖြတ်ခံလိုက်ရပါတယ်၊ Premier Coffee ကတော့ ဆက်ပြီး သူ့ တို့ အတွက် လေယဉ်လက်မှတ်မပေးရလျှင် လေယဉ်လက်မှတ်အစား ငွေလှူမှာလား မလှူဘူးလားဆိုတာကိုတော့ တိတိကျကျ မသိသေးပါ၊

၂) ပြင်ပအကူအညီအလှူအတန်းများကို စုစည်းပြီး လုပ်ပေးခဲ့တဲ့ Khin Nyein Chan Oo, Qing Minya, ကိုသူရ, ကိုဆန်းဝင်း (ကပုန်းနာရေးကူညီမှုအသင်း ) ဦးယောင် Yang Yaung Ni Oo ၊ Kyaw Thu Soe တို့  စုစည်းမူများကြောင့် (Jan- 6th) ရရှိခဲ့တဲ့ငွေ စုစုပေါင်းဟာ RM 4630 + S$ 488 + မြန်မာငွေ ၉ သိန်း ၆ သောင်း ဖြစ်ခဲ့ပါတယ်၊

အဲဒီငွေထဲက လူပေါင်း ၄၈ ယောက်အတွက် ဇေယျာအောင် ဆီကို RM 2500 ပို့ ပေးခဲ့ပါတယ်၊ အဲဒီတော့ ဇေယျာအောင်ကတော့ အလုပ်သမား တစ်ယောက် ကို ၂၅ရင်းဂစ်ပဲပေးအပ်ခဲ့ပါတယ်၊ ၄၈ယောက်ကို ပေးအပ်လိုက်သည့် စုစုပေါင်းငွေမှာ ၁၂၀၀ပဲဖြစ်ပါတယ်၊ သူ့လက်ထဲမှာ ၁၃၀၀ကျန်ရှိသေးပါတယ်... ပြန်ပြီးတော့ follow up လုပ်ပေးလိုက်ပါ၊ သူ့ က ၁၃၀၀ ယူထားတာကို မေးတော့ အလုပ်သမားအတွက် သူ့ အနေဖြင့် စိုက်ထားပေးတဲ့အတွက် ယူထား ဖြစ်တယ်လို့  ပြောကြားတာ တွေ့ ရပါတယ်၊ ဒါပေမယ့် သူ့ Official ဖြေရှင်းချက်ကတော့ မထွက်လာသေးပါ၊ စာရင်း Break down ကိုတော့ သူ့ အနေနှင့် ဖြေရှင်းပေးလာလိမ့်မယ်လို့  ထင်ကြပါတယ်၊

ကျန်ရှိတဲ့ငွေ ၁ရ သိန်းကိုတော့ မြန်မာပြည်ရောက်ရင် ပေးအပ်ကြမယ်လို့ သိရပါတယ်၊ အလှူငွေတော့ အခုထက်ထိ အဆက်မပြတ် လှူနေကြတာကိုတော့ သိနေရပါတယ်၊
လွန်ခဲ့တဲ့ တနရီလောက်ကလည်း ၁ သိန်းအလှူငွေကို Aung Soemoe က ကောက်ခံရပြီး ဦးယောင် (မြန်မာပြည်) သို့  ပေးအပ်မယ်လို့  သိရှိရတော့ စုစုပေါင်း မြန်မာပြည်မှာ အပ်နှံမည့် ငွေ ၁၈ သိန်းကျော် ဖြစ်နိုင်ပါတယ်၊

၃) ရောင်နီဦး နှင့် မိတ်ဆွေများ ပရဟိတ မှာလည်း အလူငွေတွေ စုစုပေါင်းကျပ်-၁၀၄၀၀၀၀/-(ကျပ်ဆယ်သိန်းလေးသောင်းတိတိ) ကို ရရှိထားတယ်လို့  သိရှိပါတယ်၊ ရောင်နီဦးကလည်း ကားအစီအစဉ်အပိုင်း ရှိတယ်လို့  ပြောကြားထားပါတယ်၊

၎) အလုပ်သမား ၄၈ ဦး ရောက်လာချိန် KL လေဆိပ်သို့ ရောက်လာချိန်တွင် ဦးစိုးဝင်လွတ်လိုက်တယ်ဆိုတဲ့ လူနှစ်ဦး ရောက်ရှိလာပြီး အလုပ်သမား တစ်ဦးစီကို ငွေ ၂၀ ပေးသွားခဲ့ပါတယ်၊ သံရုံးက ပေးအပ်တာလား... ဘယ်သူ့ ဆီက လှူသွားတယ်ဆိုကိုတော့ သေသေချာချာ မပြောသွားပါ၊

၅) အလုပ်သမား ၄၈ ဦး မထွက်ခင် အလုပ်သမားနှစ်ဦး ၀တ်စရာ အင်္ကျီမရှိတော့ ဦးစိုးဝင်းက သူ့ အိတ်ထဲပါလာတဲ့ သူ့ အင်္ကျီနှစ်ထည်ကိုလည်း လှူဒါန်း ပေးခဲ့ပါတယ်၊




Bug Lab

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...