Ads (728x90)
အာပါဖီးက ဦးကိုလေးဆိုတဲ့ လူကတော့ အသားမဲမဲ အရပ်ရှည်ရှည် ဘယ်ဘက်စွန်း (မြန်မာ စာတန်းအောက်) ကပါ၊
သူ့ ဖုန်းနံပါတ်ကတော့ 0123786524 ဖြစ်ပါတယ်၊
မြန်မာနိုင်ငံမှာ မြန်မာလူမျိုးတွေကို အချင်းချင်း တပတ်ရိုက်ကာ မြန်မာလူမျိုးများအား ထောင်ထဲသို့  ထည့်သည့်အလား လုပ်နေကြတာဟာ လူ့ ကျွန်စနစ်ကို ဒီလူတွေကြောင့် ခုထိ မြန်မာလူမျိုးများ ခံနေသလို ဖြစ်နေလို့  ယခုလို တင်ပြလိုက်တာပါ၊ အခုတင်ပြတဲ့ စကားများသည် ကျနော့် အာဘော်တော့ မဟုတ်ပါ၊ လူကြီးမင်းများ ယခုအချိန် စာဖတ်နေသည့်အချိန်ထိ လူ့ ကျွန်ပမာ ဂိုဒေါင်ထဲတွင် မျက်နာငယ်ငယ်ဖြင့် အ၀တ်တထည် ကိုယ်တခုဖြင့်သာရှိနေဆဲပါ၊  မိဘကိုလည်း စိုးရိမ်မူမဖြစ်စေရန် အလိုငှာ ဆက်သွယ်မပြောရဲဘဲ မြန်မာလူမျိုး ၉ ၈ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ သေဘေးမှ လွတ်ခဲ့တဲ့ လူငယ်တစ်ယောက်ဖွင့်ချပြီး ပြောကြားထားတဲ့ဟာကို ကောက်နှုတ်တင်ပြလိုက်တာပါ၊
သူများတွေက ဒုက္ခသည်အဖြစ်မြင်မှာလည်း ရှက်တာ တမျိုးကြောင်းလည်း သူ personal facebook တွင် မတင်မရဲဘဲ ဖြစ်နေရှာပါတယ်။  အဲဒီမှာ အလုပ်သမားများဟာ မြန်မာပြည်ကနေရောက်လာတာ အောက်လမ်းက မဟုတ်ကြပါ။ တရားဝင် ဗီဇာ နဲ့ ပက်စပို့တွေချည်းပဲ ကော်လင်းတွေရော အကုန်ရှိကြပါတယ်။  ဒေါ်မြမြသန်းရဲ့  ညစ်ပတ်မူများကြောင့် မလေးတောင်မလုပ်တဲ့နေရာကို မြန်မာလူမျိုးကို ပို့ လိုက်တယ်၊  အဲဒီနေရာ Sarawak ဆိုတာ မလေးပြည်မနဲ့ အုပ်ချုပ်တဲ့ ဥပဒေ မတူဘူး မလေးနိုင်ငံသားတောင် ရက်ပေါင်း ၉ ၀ ထက်ကျော်အောင် သွားမယ်ဆိုရင် ဗီဇာလျှောက်ပြီး သွားရတာပါ၊ အဲဒီနေရာကို အင်ဒိုတွေများလွန်းတော့ အင်ဒိုတွေက မြန်မာလူမျိုးများနဲ့  ပြသနာဖြစ်ခဲ့တာလည်း တကြိမ်မက ရှိခဲ့ပါတယ်၊
 ဒေါ် မြမြသန်း ဆိုသူမှာတော့ အာဘာဖီး အေးဂျင့်က စာရေးမ ဘဲဖြစ်ပါတယ်၊  သူတို့ အေးဂျင့် ကနေ စပြောကြတာပေါ့နော.်…
အာဘာဖီး အေးဂျင့်သည် မြန်မာလူမျိုးအလုပ်သမားများအား တလတွင် ငွေ လေးသိန်း ခန့် အိမ်ကို ပို့ နိုင်မယ်ဆိုတဲ့ မက်လုံးကို ပေးတတ်သလို နေထိုင်ဖို့ အဆောင်အအုံ တိုက်ခန်းအလန်းစားများကို ပြပြီးတော့လည်း ဖြားယောင်းသွေးဆောင်မူများလုပ်ပြီး တရက်လုပ်အားခ (၈ နာရီစာ) ကို ၂၅ မလေးငွေကို ရရှိမည် ဖြစ်ကြောင်းနှင့် စားစရိတ် ငြိမ်းအဖြစ်သွားရောက်လုပ်ကိုင်နိုင်ကြောင်း စသည့် အချက်အလက်များပင်၊ ဦးစိန်ဖေနဲ့ ဒေါ်မြမြသန်း တို့ ဖြားယောင်မူများကြားတွင် မြန်မာအလုပ်သမားများ ခံခဲ့ရပါတယ်၊ သူတို့ ဆီတွင်လည်း သင်တန်းတက်လျှင် သင်တန်းဖိုးများကို ပေးဆောင်ရပါသေးတယ်။
အာဘာဖီးကတော့ တကယ်ပို့ တဲ့အခါကျတော့ အလုပ်သမားတန်းလျှားကြီးတွင်နေထိုင်ကြရပါတယ်၊ မလေးရှားသို့ ရောက်တဲ့အခါမှာတော့ အလုပ်သမား လစာကို တရက်လျှင် ၃၀ မလေးငွေ ပေးမယ်လို့  ပြောပါမယ်။ ၃၀ ပေးရတာဟာ တစ်နာရီကို ၃.၇၅ နုန်းဖြင့် မလေးအစိုးရ အလုပ်သမား အနည်းဆုံး ခံစားပိုင်ခွင့် (mininum wages) ကို သတ်မှတ်ထားလို့ ပါတဲ့ company က ပြောပါသတဲ့။ အမှန်တကယ်မှာတော့ Sarawak မှာ offical အရ ပေးရမှာ RM4.33 per hour ဖြစ်ပါတယ်၊ ဒီနေရာကနေ ကြည့်နိုင်ပါတယ် (http://www.freemalaysiatoday.com/category/nation/2012/05/01/minimum-wage-set-at-rm900/)
RM 3.75 ရတယ်ဆိုတာနဲ့  Company ကတော့ စရိတ်ငြိမ်း မဟုတ်ပြန်ဘူးလို့ ပြောပါတယ်၊ အဲဒီတော့ ထမင်းစားစရိတ်ဖိုး RM 275 ကို တောင်းခံပြီး ကျွေးတဲ့အခါမှာတော့ ပဲပြား အသားတု ကြက်သားရေလုံပြုတ်တွေနဲ့  စားရပါတယ်၊ အလုပ်ပင်ပန်းပြီး ဗိုက်ဆာတော့ သူတို့ ပေးတဲ့ ဟာနဲ့ ဘဲ စားရတာပါဘဲ။ ကုန်ပနီကိုပြောကြပါသေးတယ် ထမင်းဖိုးမဖြတ်ပါနဲ့  ကိုယ့်ဘာသာချက်စားမယ်ဆိုတော့
မရဘူး စား စား မစား စား ထမင်းဖိုးဖြတ်မှာပဲ ဆိုပြီး လုပ်တော့ ကောင်လေးတွေဆို မစားနိုင်လို့ ၀ယ်စားကြတာတွေရှိပါတယ်၊  လစာလေးနည်းနည်း နဲ့ ၀ယ်စားရတာဆိုတော့ အသုံးစရိတ်နဲ့  တစ်ပြားမှ အိမ်မရောက်ဘူး၊ သူတို့ ပြောခဲ့တဲ့ ငွေ လေးသိန်းခန့် တောင်  ၂ နှစ်နီးပါး လုပ်နေတဲ့ ကာယကံရှင် ကောင်လေးကတော့ ငွေကို မိဘဆီသို့  ခုထိ မပို့ နိုင်သေးပါဘူး။ တစိလမှ အိုတီဆင်းရင် ၉ရာ မဆင်းရင် ၇ရာဝန်းကျင် လောက်ဘဲ ရပါသတဲ့၊ ဘာအကျိုးခံစားခွင့်မှ မရှိဘူး။ မြန်မာပြည် ပြန်ခွင့်လောက်လျှင်လည်း မပေးပြန်ပါဘူး။ သေရေး ရှင်ရေး ဖြစ်လျှင်လည်း လုံးဝ ပေးပြန်ဖူးတာ နည်းပါတယ်။ မိဘ သေပြီဆိုမှသာ ပေးပြန်ခိုင်းတာ လောက်သာ ရှိပါတယ်၊ တရက်ပျက်ကွက်လျှင်လည်း တစ်ဆယ်ကလည်း ဖြတ်ပါသေးတယ်၊ ဟန်လင်းထွဋ်ဆိုတဲ့ကောင်လေး ဓါတ်လို်က်လို့   သတိမေ့ပြီး ဆေးရုံပို့လိုက်ရတဲ့အခါမှာလည်း ဆေးရုံဖိုး ပိုက်ဆံကို လစာထဲက ဖြတ်ပါသေးတယ်၊ ကာယကံရှင် ကိုယ်တိုင် မိဘကို လွမ်းလို့  တစ်နှစ်မှာ တစ်ခါလောက် သွားတွေ့ ချင်လို့ ပြောပြခဲ့အခါမှာလည်း ပေးပြန်ခဲ့ခြင်းမရှိပါ၊ နောက်ပိုင်း အလုပ်မဆင်းဘဲ ဆိုးပေ လိုနေရင် သူတို့ အလုပ်ထုတ်မှာလားဆိုပြီး နေကြည့်လိုက်တဲ့အခါမှာ အလုပ်ထွက်ရမည့်နေနေသာသာ သူ့ လစာမှ ငွေဖြတ်လိုက်ခြင်းကို ခံလိုက်ရပါတယ်၊ ကုန်မနီက လုပ်ငန်းခွင် ထဲမှာ ထိခိုက်မှုလည်းတာဝန်မယူပါဘူး။ ကုန်မနီနဲ့  အချက်အတင်မပြောနိုင်တဲ့ မြန်မာတွေမှာလည်း အလုပ်ထဲတွင် လူ့ ကျွန် တစ်ယောက်လို့  နေနေကြပါတယ်၊ ရှင်ယန်းက ဒီမှာ သု့အတွက်သီးသန့် ရဲစခနိးတောင်ရှိတယ် ဘာမှ ပြန်မလုပ်နိုင်ဘူး။
အလုပ်သမားတန်းလျှားရှိ အိမ်သာမှာဆို အိမ်သာတွင် အညစ်အကြေးများ ပြည့်လျှံလာလို့  ကားနဲ့  လာမထုတ်ပေးပါဘူး၊ အဲဒီတော့ အဲဒီကံယာကံရှင်နဲ့ အလုပ်သမားအချို့ ဟာ အလုပ်ထဲက သူတို့ရုံးခန်းထဲကို သွားပြီး ခိုးတတ်ရမြဲပါ။
အထက်ပါအချက်အလက်များကို agent နဲ့ ညိုနှိင်းပြီး ဆွေးနွေးပေးစေချင်လို့ တိုင်တန်း ပြောကြားလျှင် စာချုပ်နဲ့  ကိုင်ပေါက်တာဘဲ ခံနေရလို့  ဦးစိန်ဖေနဲ့ဒေါ်မြမြသန်းပုံကို အခန်းဝမှာကပ်ပြီး အလုပ်အပြန်တစ်ချက် အသွားတစ်ချက် လက်သီးနဲ့ထိုးတဲ့လူတောင် အလုပ်သမား တန်းလျှားတွင် ရှိပါသတဲ့၊
မြန်မာအလုပ်သမားများဟာ ပညာ လည်းရ ပိုက်ဆံလည်းရရင် မိဘသားသမီးများကို ထောက်ပံ့မည့် အတွေးကို သာ တွေးမိနေတော့ အာဘာဖီး အေးဂျင့် ရဲ့ လူ့ ကျွန် ကုန်ကူးသလို မလေးရှားလို့  ပို့ ပေးခဲ့လို့  ခုထိ အဲဒီမှာ မြန်မာလူမျိုး ဒုတ်ခ ခံစားနေရဆဲပါ၊ တချို့ ဆို သင်တန်းတက်ပြီး ရောက်လာခဲ့အခါ တံမျက်စည်း လှည်းခိုင်း ပါသတဲ့၊ သင်တန်းတတ်ခါကြတာ ဒီရောက်တော့ အကုန်တယောက်တမျိုး ဖြစ်နေပါတော့တယ်၊ မြန်မာလူမျိုး ၈၉ မှာ ၇၀လောက်က Fitter (ပိုက်ပြင်သမား) နဲ့လာတာ အဲဒီနေရာရာက်တော့ အမှိုက်လှည်းတဲ့ကောင် က လှည်းရတော့ ပညာကတော့ မရဘဲ တံမျက်စဉ်း လှည်းရနဲ့ စာချုပ်ကုန်တဲ့အထိ ထိုင်စောင့်နေရတဲ့ လူငယ်တွေအများကြီးမှာ အချိန်ကုန်တာ လူပင်ပန်း ပညာလည်းမရ ထောင်ထဲမှာ နေရသလို
ခံစားရပါတယ်၊
အခုလည်း လူ၆၀က ပြန်လုပ်ချင်နေတယိလို့ ဦးစိန်ဖေက သတင်းဌာနကိုပြောတယ်လို့  ဆိုသွားပါတယ်။ အမှန်တကယ်မှာတော့ အဲဒီမှာ တစ်ယောက်တောင် မလုပ်ချင်ကြဘူး ဗြောင်လိမ် ဗြောင်စား အာဘာဖီးက အမြဲတမ်း သူတို့ ကောင်းစားရေးကို သာ ရှေးရှုပြီး လုပ်ဆောင်နေဆဲပါ၊
အခုတလော ဖြစ်ခဲ့တဲ့ မလေးပြသာနာကကို ဖြေရှင်းဖို့  နေ့ ရွေ့ ညရွေ့ လုပ်နေတဲ့ အာဘာဖီး အေးဂျင့်ကတော့ သည် ၂၀၁၂ ခုနစ် August လပိုင်း ကုန်လောက် ညဘက် ၈ နာရီခွဲလောက်တွင် အင်ဒို ၁၅၀ မြန်မာလူမျိုး ၈၀ ခန့် ကို ဓါးနဲ့  ခုတ်သတ်ရန် လာတုန်းကလည်း ဘေးလူများ တားလို့ သာ မြန်မာလူမျိုး အသက် မသေဘဲ ရှင်သန်ခဲ့ပေမယ့် သူတို့  ဘာမှ မလုပ်ပေးခဲ့ပေ။
company ကလည်း  မြန်မာလူမျိုးများအသက်ကို ခြံစည်းရိုး ခတ်ပေးမယ် ပြောပြီး နောက်ပိုင်းအဲဒီစကား မတည်ဘဲ လေထဲတွင် ပျောက်ကွယ်ခဲ့ပါတယ်၊ အဲဒီတုန်းက သူတို့ မြန်မာအလုပ်သမားများကို စာရွတ် ထုတ်ဝေခဲ့ပါတယ်၊ ရန်ဖြစ်ပြီး စည်းကမ်းဖျောက်ပျက်တဲ့ လူတွေကို အလုပ်က ထုတ်မယ်ဆိုတဲ့ စာရွက်ကို 13th August 2012 မှာ ထုတ်ဝေခဲ့ပါတယ်၊
အဲဒီစာရွက် အရဆိုရင် Contract Workers တွေဟာအဲလို ဖြစ်ခဲ့ရင် အလုပ်က ထွတ်ရမှာပါ၊ အခုတော့ တခြားဆီ ဖြစ်နေဆဲပါ၊
အမှန်တကယ်မှာတော့ ၂၀၁၃ မှာ ဖြစ်တဲ့ ပြသာနာကတော့ အင်တို ၆ ယောက်က  မြန်မာတစ်ယောက် ဈေးဝယ်အပြန် ရန်စရှာပြီး  ရိုက်လိုက်လို့  မြန်မာခေါင်းကွဲခဲ့ရပါတယ်။ သူများတွေ တားလို့  အသက်မသေဘဲ မိမိ အဆောင်သို့   အပြေးပြန်ခဲ့ပေမယ့် နောက်က လာပြီး အဆောင်ထဲထိ ၀င်ရိုက်ရာ အဆောင်ထဲက ၁၃ ယောက်က self defense အရ ပြန်ခုခံသဖြင့် သူတို့  ၆ယောက်
 ပြန်ဆုတ်ပြေးပြီး  ဓါးကောက်တွေ ကိုင်ထားတဲ့ အင်တို ၁၅၀ ခန့်  လူအုပ်စုနဲ့  ပြန်တက်လာခဲ့ကြပါတယ်၊ အဲဒီတော့ တံခါးတွေပိတ်ထားတဲ့အခါ အခန်းများကို ခဲများပေါက်ခံခဲ့ရပါတယ်၊ နောက်ပိုင်းတွင် တံခါးတွေ လာဖျက်တော့ အထဲရှိ မြန်မာတွေ ကိုယ်လွတ်ထွတ်ပြေးခဲ့ရပါတယ်၊  အင်ဒိုတွေဟာ လူမရတော့ အဆောင်ထဲရှိ စက်ဘီး နှစ်စီး တီဗီ စလောင်း အလုပ်သမား ၄၀ ပိုင်တဲ့ ဘက်ဂေ့အိတ်အ၀တ်အစားများ စသည့် စုစုပေါင်း တန်ဖိုး  $၅၀၀၀ မှ $၆၀၀၀ ခန့် ရှိ သူတို့ ရဲ့  စုမိဆောင်းမိမူများကို မီးရှို့ လိုက်တော့  မြန်မာအလုပ်သမား ၄၀ ခန့် ဟာ အ၀တ်တထည် ကိုယ်တခု ဖြစ်ခဲ့ရပါတယ်၊ ကျန်တဲ့ အလုပ်သမားများဟာ Over time ဆင်းနေကြသဖြင့် အကြောင်းအစုံကို တိတိကျကျ မသိခဲ့ကြပါ၊
 အဲလို အသက်အန္တရာယ်နဲ့  ကြုံတွေ့ နေရာတဲ့ အခါ မိမိ agent တွေကို ဖုံးခေါ်ပြီး အကြောင်းစုံပြောရာ agent ကတော့ ဘာမှ လုပ်မပေးနိုင်ဘူးလို့  ငြင်းဆန်ခဲ့ပါတယ်၊ မြန်မာသံရုံးက visit လုပ်တဲ့အခါမှာ ဦးစိုးဝင်းပြောသွားတာတော့ company က ဒီ ၉ ၈ ယောက်နဲ့  ဒီလို အခြေအနေမှာ ပြန်လွတ် ဒီ ၉၈ ယောက်နဲ့ ဒီလို ပြန်လွှတ်လိုက်ရင် နောက်တစ်ခါ ဒီကုန်မနီက နိုင်ငံခြားသားခေါ်ယူဖို့ခက်ခဲသွားမယ်တဲ့ အဲ့တော့ အလျော်အစားရှိမယ်ဆိုလို့  ပြောကြားခဲ့ပါတယ်။ သမ္မတရုံးကိုတင်ဖို့ အားလုံးပြန်ချင်တယ်ဆိုတဲ့ကိစ္စကို ကိုယ့်လက်ရေးနဲ့ကိုယ်ရေးပြီ လတ်မှတ်တွေနဲ့ ဦးစိုးဝင်းကိုပေးလိုက်ကြရပါတယ်၊
စာရေးသူအနေနှင့် ပြောချင်သည်မှာ ဦးစိုးဝင်း ပြောတာကို company ပိုင်းက အကြောင်းအတွက် စဉ်းစားပေးတာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် အဲဒီ company မှာ contract-worker safety issues တွေ ရှိပါတယ်၊ 2012 တုန်းကလည်း ဒီလို ပြသာနာ ဖြစ်ခဲ့ဖူးပါတယ်၊ company နဲ့  agent ပေါင်းပြီး company safety အတွက် တာဝန်ယူကြောင်း ဆိုတဲ့ စာ ကို လက်ခံရရှိခဲ့တယ် မဟုတ်လား၊ ပြီးတော့ သူတို့  စာရွက်စာတန်းအရ အလုပ်မှ ထုထ်ပေးမယ်လို့ လည်း ပြောထားပါတယ်၊  ပြီးတော့ အခု ဖြစ်ပျက်တဲ့ ပြသနာမှာ company ဂိတ်ဝမှာ ထိုးကြိတ်တာလည်း ဖြစ်သေးတယ်... အဆောင်ထဲထိတောင် ကိုယ်ထိလက်ရောက်စော်ကားမူကိုတောင် မကာကွယ်ပေးနိုင်တဲ့ company မှာ မြန်မာအလုပ်သမား ဒုက္ခ ခံနေရမူများကို မြင်စေချင်ပါတယ်၊ အာဘာဖီး agent ကတော့  အဲဒီ စာရွက်ကို ထုတ်ခိုင်းပြီး  မြန်မာလူမျိုးကို ကြားပုံဖြတ် စားကာ လုပ်ခိုင်းနေတာကို မြင်စေချင်ပါတယ်၊ အလုပ်သမား ဥပဒေအရလည်း ခေါင်းပုံဖြတ်နေရတာ ကိုယ်လည်း ကြည့်စေချင်ပါတယ်၊ မြန်မာအာဏာပိုင်များလည်း  အာဘာဖီး ကြားပုံ ဖြတ်တဲ့ အပြစ်နဲ့  တာဝန်မယူမူစသည့် agent ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနဲ့ မကိုက်ညီလျှင် agent license ကို ဖျက်သိမ်းပေးချင်ပါတယ်၊ ဒီအချိန်မှာ မြန်မာသံရုံးက မလုပ်ဆောင်နိုင်ပါက မြန်မာလူမျိုး နောက်ထပ် Sarawak တစ်ခုတစ်ခု ဖြစ်လျှင် agent, company တရားခံဖြစ်သလို  မြန်မာသံရုံးက အလုပ်သမားများလည်း လှစ်လှူရှုမူများကြောင်း ဖြစ်ရတယ်လို့  မှတ်ယူရပါလိမ့်မည်၊
ကာယကံရှင်နှင့် အသက်အန္တရာယ် စိုးရိမ်နေကြသူများကတော့ မြန်မာသံရုံးက လူများကို မျက်နာငယ်ငယ်ဖြင့် အားကိုးတကြီး ပြန်နိုင်ရေးဆောင်ရွက်ပေးစေလိုကြပါတယ်၊ တနင်္လာနေ့မှ Company နဲ့ ဆွေးနွေးမယ်ဆိုတဲ့ အချိန်မှာ မြန်မာပြည်လူမျိုး ၉၈ ယောက် ကို ပြန်လွတ်နိုင်ရေးကို လုပ်စေချင်ပါတယ်၊ မြန်မာပြည်သူ လူထုကလည်း သံရုံးနဲ့  တာဝန်ရှိ အစိုးရ ၀န်ထမ်းများကို
humble request များကို ပေးကြပေးစေလိုပါတယ်၊
အာဘာဖီး အေးဂျင့် ခင်ဗျားတို့  သူများမျက်ရည်နဲ့  သူများဒုက္ခခံပြီး လုပ်စာတွေကို ကြားပုံဖြတ်စားသောက်လို့  ထမင်းစားဝင် အိပ်ပျော်ပါစေဗျာ၊
မြန်မာပြည်သူလူထုရဲ့  မျိုးချစ်စိတ်ဓါတ်ကြောင့် အစားအသောက် အခုတော့ အဆင်ပြေနေမည့် သူတို့ ကို အမိမြေသို့  ပြန်ခေါ်နို်င်အောင် တိုက်တွန်းပေးကြပါဗျာ၊
Post a Comment
Blogger Disqus
Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။
Voted This Post
Related Posts Plugin for WordPress, Blogger...