Ads (728x90)

 

by Soe Min Thu
A ပရယ်မှာစတွေ့ကြတဲ့
B စကစ်ကြိုက်တဲ့ကောင်မလေးရယ်
C စဉ်သမျှလွဲခဲ့ရလို့
D ရင်ဘတ်ကြီးကွဲခဲ့ရပြီ
E မေဂျာကောင်မလေးနဲ့ မင်းထင်သလိုမဟုတ်ရပါဘူး
F အမ်ကနေ
G လတ်ရဲ့သီချင်းတောင်းပေးတော့
H လို့်တောင်မပျော်ဘူးဆို
I လပ်ဗ်ယူလို့ပြောတော့
J အိုင်ပီကုန်တိုက်ဘေးက
K တီဗွီမသွားဖို့ကတိတောင်းခဲ့တယ်ေ

L ဆိုင်းဇီ သီချင်းကို
M ပီသရီးနဲ့နားထောင်ရင်း
N ကိုင်ရာအပြုံးနဲ့
O သိပ်ချစ်တာပဲလို့ပြောတော့
P တီတွေဖြာလို့ငါ့မှာ
Q တာဖြစ်မှ လက်ထပ်မယ်ဆိုပြီး
R ရိုက်သွားတဲ့သူရယ်
S ဆစ်နဲ့ နှလုံးသားကိုလောင်းလို့
T ကောင်ကို ဆားနဲ့တို့ကာမှတော်အုန်းမယ်
U ဒို့ကို အလွမ်းတွေပေးခဲ့တယ်
V ဒီယိုကားတွေထဲကလို
W (whisky) တလုံးနဲ့ အသည်းကိုစိမ်ပီး
X မက်ဆိုးတွေထဲမှာ
Y တခွက်လောက်မှ တန်ဖိုးမရှိတဲ့မင်း
Z ကြည့်ရင်းလင်နောက်လိုက်သွားတယ်တဲ့လေ….။

........................................................................

by Pyi Nyeinmoe
အရင်တုန်းက သိပ်ချစ်ကြတဲ့ကောင်မလေး2ယောက် အခန်းတစ်ခုတည်းမှာ တူတူနေကြတယ်တဲ့
သူတို့ နှစ်ယောက်လုံး တူညီတဲ့ အချက်ကတော့ ယောကျာ်းတစ်ယောက်နဲ့ အတွင်းကျကျ
ပါတ်သက်ရမှာ ကြောက်ကြတာပါပဲ။ဒါကြောင့်သူတို့မွေးထားတဲ့
ကြောင်မလေးကိုတောင် အပြင်လုံးဝမထွက်နိုင်အောင် ပိတ်လှောင်ထားကြတယ်တဲ့
ဖြစ်နေကျအတိုင်းပေါ့ သူတို့ထဲကတစ်ယောက်ကို အိမ်က
ဇွတ်ယောကျာ်းပေးစားလိုက်တော့ မင်္ဂလာဦးမနက်မှာ အတွေ့အကြုံကိုစာရေး
ပြောပြရမယ်လို့ ကတိထားပြီး ယောကျာ်းယူလိုက်တော့တာပေါ့
မင်္ဂလာဦး မနက်မှာတော့ ကျန်နေခဲ့တဲ့ အပျိုကောင်မလေး လက်ခံရလိုက်တဲ့
ကြေးနန်းကဒီလိုပါတဲ့
" ကြောင်မလေးကို အခန်းပြင်လွှတ်ပေးလိုက်ပါတော့" တဲ့

(ဆရာတင်ဆွေမိုး ၏
အော်မိန်းမ မိန်းမ ဟာသများစာအုပ်မှ မှတ်မိတာလေးပြန်ပြောပြတာပါ)

.............................................................................

by Aung Thet Paing

တစ်ခါက တောအုပ်တစ်ခုမှာရှိတဲ့ ကျားကြီး မင်္ဂလာဆောင်သတဲ့ ။
တောအုပ်မှာရှိတဲ့တိရိစ္ဆာန်ငယ်တွေအားလုံး
သူ့မင်္ဂလာဆောင်ကိုမဖြစ်မနေလာရမယ်လို့အမိန့်ပေးသတဲ့ ။
ကျားကြီးကိုကြောက်ရတော့ တစ်တောလုံးရှိသမျှအလုပ်တွေထားခဲ့ပြီး
မင်္ဂလာဆောင်ကိုသွားကြသတဲ့ ။
လမ်းခုလပ်မှာ အေးအေးလူလူမြက်စားနေတဲ့ နွားကြီးကိုတွေ့သတဲ့ ။
ထူးဆန်းနေလို့ မနေနိုင်တဲ့တိရိစ္ဆာန်ငယ်တစ်ချို့က ဒီလိုမေးသတဲ့ ။
" ဗျို့ ကိုနွားကြီး ဒီနေ့ ကိုကျားကြီး မင်္ဂလာဆောင်ရှိတယ်လေ။
မသွားဘူးလား ။ တော်ကြာ ပြသနာဖြစ်နေမယ်ဗျာ "
ဒီတော့ နွားကြီးက ဘာမှထွေထွေထူးထူးဖြစ်ဟန်မပြဘဲ ဒီလိုပြန်ပြောသတဲ့။
" အေး .... ငါလည်း တစ်ချိန်က ကျားကြီးပဲကွ ။ မင်္ဂလာဆောင်ပြီးတော့မှ
နွားကြီးဖြစ်သွားတာ ။"

(ကြားဖူးတဲ့ ပုံပြင်လေးပါ ။)
ဟာသကျေးရွာမှ

.............................................................................

by Wei Lynne

စိတ္တဇဆေးရုံတစ်ခုတွင်ဖြစ်သည်။ ဆရာမရုံးခန်းတွင်လူနာများဖြစ်သည့်
မောင်ဖြူနှင့်မောင်နီတို့အား -
ဆရာမ - '' ကဲ-မင်းတို့အခြေအနေကောင်းလာပြီ ဆိုတော့မကြာခင်ဆေးရုံကဆင်းရတော့မယ်နော်''
ထိုစဉ်မမျှော်လင်ဘဲ မောင်ဖြူကထိုင်ရာမှထပြီး
ရုံးခန်းအနီးရှိရေကန်ထဲသို့ခုန်ဆင်းသွားရာ မောင်နီကလည်း
ခုန်ဆင်းပြီး မောင်ဖြူကိုကယ်တင်လိုက်သည်။
ဆရာမ - '' ကောင်းပြီ မောင်နီ မင်းအတွက်တော့မြန်မြန်ဆင်းရအောင် ထောက်ခံပေးမယ် ''
နောက်တစ်နေ့တွင်မောင်ဖြူတစ်ယောက်သူ့အခန်းတွင်ကြိုးဆွဲချသေဆုံးကြောင်းသတင်းကြားရ၍ဆရာမနှင့်တာဝန်ရှိသူများ
လိုက်ကြည့်ပြီး ဖြစ်စဉ်ကို မောင်နီ အားမေးကြည့်ရာ -
မောင်နီ - '' ဟုတ်ကဲ့ - မနေ့ကသူရေတွေစိုနေလို့
ခြောက်သွားအောင်ကျွန်တော်လှမ်းပေးထားတာပါ''

..............................................................

by Pho Zayarlay

ရဲစခန်းလို ...... ဆေးရုံလို ..... အမြဲတမ်းဖွင့်လှစ် ထားတဲ့
ငါ့နှလုံးသားကို မင်း အများသုံးအိမ်သာလို ၀င်ချင်ဝင် ထွက်ချင်ထွက်ပါ.
ဒါပေမဲ့ ဗုံးတော့မထောင်ခဲ့ပါနဲ့နော်

...............................................................................

by John Aksoe

“ ခြွေတာရေး…”

မျက်နှာ မသာမယာဖြစ်နေတဲ့

ယောက်ျားဖြစ်သူ ကိုအုန်းဖေကို

မိန်းမဖြစ်သူ မအေးအေးအောင်က မေးတယ်။

“ ရှင် ဘာကိစ္စအတွက်

သောကရောက်နေတာလဲ ”

“ မင်းကို ငါ အမှန်အတိုင်း ပြောမယ်၊

ငါတို့ရဲ့စီးပွားရေးအခြေအနေ

တဖြည်းဖြည်း ကျဆင်းလာနေတယ်ကွ၊

အဲဒါကြောင့် တို့ ခြွေတာဖို့ လိုလာပြီ ”

“ ကောင်းပြီလေ၊

ကျမ ဘာလုပ်ရမလဲ၊

ချေးတာလျှော့ရမလား၊

အကြွေးဆပ်တာ လျှော့ရမလား ”

...................................................................

by ချစ်ကို ကို

အမျိုးသမီးတယောက် ဘူတာရုံမှတည်းခိုခန်းသို့ရောက်လာသည်… မန်နေဂျာအား
အခန်းရဦးမလား မေးသည် မန်နေဂျာမှ ဟာ … အခန်းကုန်သွားပြီ…
မရှိတော့ဘူး…. အမျိုးသမီးက … အို ရအောင်လုပ်ပေးပါ…
အချိန်လည်းမရှိတော့ဘူး… တခြားကိုသွားဖို့မလွယ်လို့ပါ… ထိုအခါ
မန်နေဂျာမှ .. အင်း.. ခင်ဗျားလိုချင်ရင် တစ်ခန်းတော့ရှိတယ်… ဒါပေမယ့်
အဲဒီအခန်းထဲမှာ ယောင်္ကျား (၃) ယောက် ရှိတယ်….
သူတို့မေးတဲ့မေးခွန်းကိုဖြေနို
င်ရင်တော့ ခင်ဗျား
တစ်ယောက်တည်းအေးအေးဆေးဆေး အိပ်လို့ရမယ်…. အဲ.. မဖြေနိုင်ရင်တော့
သူတို့အားလုံးနဲ့အိပ်ရလိမ့်မယ်… ဘယ့်နှယ်လဲ… အမျိုးသမီးမှ …
ရတယ်လေ… အဲဒီအခန်းကိုပဲပေးပါ… အခန်းထဲရောက်သောအခါ ….. ယောင်္ကျား (၃)
ယောက်က အမျိုးသမီးအားမေးသည် အပင်ကပုပု.. အသီးကနီနီ.. အဲဒါဘာသီးလဲ…
အဖြေမှန်မှာ စတော်ဘယ်ရီသီးဖြစ်သည်… အမျိုးသမီးကလည်းသိသည်.. သို့သော်
ခရမ်းချဉ်သီးဟုဖြေလိုက်သည်… သို့နှင့် သူတို့အိပ်လိုက်ကြသည်…
နောက်တစ်ကြိမ် ထိုမေးခွန်းပဲထပ်မေးသည် အမျိုးသမီးကလည်း ခရမ်းချဉ်သီးဟုပဲ
ဖြေသည်… နောက်တစ်နေ့မိုးလင်းသော်…. အခန်းထဲမှ ….. အမျိုးသမီးရော
ယောင်္ကျား (၃) ယောက်ပါ ထွက်မလာသေးသဖြင့် မန်နေဂျာမှ ဘာများဖြစ်နေသလဲဟု
သွားကြည့်သည်… ထိုအခါအခန်းထဲတွင် ယောင်္ကျားသုံးယောက်မှာ ကုတင်အောက်မှ
ဒူးတုပ်ထိုင်ပြီး အမျိုးသမီးအားတောင်းပန်နေသည်… လုပ်ပါအစ်မရယ်….
စတော်ဘယ်ရီသီးလို့ပြောပေးပါ…. ဟင့်အင်း….ခရမ်းချဉ်သီးပဲ….
မောင်ကောင်းထိုက် (ဟာသပဒေသာမှ)

................................................................................

by U Kyaw Zay Ya

အပိုင်း (၁)

တစ်ခါက အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ် လူမျိုး(၃)ဦးသည် သဲကန္တာရ တစ်ခုတွင်
ခရီးအတူ သွားကြသည်။ တစ်နေရာ
ရောက်သော် ပုလင်းတစ်လုံးကို တွေ့သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သောအခါ
ထိုပုလင်းကို စောင့်သော နတ်သား
တစ်ပါး ထွက်လာသည်။ (အာလာဒင်ပုံပြင် မဟုတ်ပါ) နတ်သားက တစ်ယောက်စီ
ကြိုက်နှစ်သက်ရာ ဆန္ဒ(၃)မျိုးကို
တောင်းဆိုစေသည်။

ပထမဦးစွာ အင်္ဂလိပ်လူမျိုးက “ကျွန်တော်မျိုး ပိုက်ဆံအများကြီး လိုချင်ပါတယ်”
“ဒုတိယ ဆန္ဒကရော”
“ ပိုက်ဆံတွေ ထပ်လိုချင်သေးတယ်”
“တတိယ ဆန္ဒကရော”
“ကျွန်တော်မျိုးကို နေရပ်ကို ပို့ပေးပါ”
သို့နှင့် အင်္ဂလိပ်လူမျိုးမှာ ငွေထုပ်ကို ပိုက်ပြီး မိမိနိုင်ငံကို ပြန်သွားရသည်။

တဖန် ပြင်သစ်လူမျိုးက “ ကျွန်တော်မျိုး မိန်းမလှလှလေး လိုချင်ပါတယ်”
“ဒုတိယ ဆန္ဒပြောပါ”
“ မိန်းမလှလှလေး နောက်တစ်ယောက် ထပ်လိုချင်တယ်”
“တတိယ ဆန္ဒပြောပါ”
“ကျွန်တော်မျိုးရဲ့ နိုင်ငံကို ပြန်ပို့ပေးပါ”
ပြင်သစ်လူမျိုးမှာ မိန်းမလှလေးတွေ အဖော်ပြုပြီး မိမိနိုင်ငံကို ပြန်သွားရသည်။

နောက်ဆုံး တရုတ်လူမျိုး အလှည့်တွင် “ကျွန်တော်မျိုး ရေဆာတယ် ရေတစ်ပုလင်းအရင်ပေးပါ”
“ဒုတိယ ဆန္ဒပြောပါ”
“ရေနောက်ထပ် တစ်ပုလင်းပေးပါ”
“တတိယ ဆန္ဒပြောပါ”
“ကျွန်တော်မျိုး သူတို့နှစ်ယောက်ကို သတိရနေတယ်။ သူတို့ ဒီပြန်ရောက်အောင် လုပ်ပေးပါ”

အပိုင်း (၂)

အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးမှာ မကျေမနပ်ဖြင့် တရုတ်လူမျိုးနှင့် အတူ
ခရီးဆက်ပြန်သည်။ တစ်နေရာ ရောက်သော်
ပုလင်းတစ်လုံးကို တွေ့ပြန်သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်ရာ နတ်သားတစ်ပါး
ထွက်လာပြန်သည်။ နတ်သားက တစ်
ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၂)မျိုးကို တောင်းဆိုစေသည်။

အင်္ဂလိပ်နှင့်ပြင်သစ် လူမျိုးက တရုတ်လူမျိုး အကောက်ကြံမည် စိုးသောကြောင့်
သူ့အား အရင် တောင်းဆိုစေသည်။
တရုတ်လူမျိုး “ ကျွန်တော်မျိုးအား ရေတစ်ပုလင်း အရင်ပေးပါ”
နတ်သား “ နောက်ဆုံးတစ်ခု တောင်းဆိုချင်တာက ... ”
“ နောက်ဆုံးတောင်းဆိုချင်တာက အရှင် ဒီကထွက်သွားပါ”
အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဘာမှ မတောင်းဆိုရခင် နတ်သားမှာ ပျောက်ကွယ်သွားသည်။

အပိုင်း (၃)

အင်္ဂလိပ်နှင့် ပြင်သစ်မှာလည်း ဒေါသထွက်ပြီး ခရီးဆက်ပြန်သည်။
တစ်နေရာတွင် ပုလင်းတစ်လုံးကို တွေ့ပြန်သည်။ နတ်သားတစ်ပါး ထွက်လာပြီး
တစ်ယောက်စီ ကြိုက်နှစ်သက်ရာ
ဆန္ဒ(၁)မျိုးကို တောင်းဆိုစေသည်။

အင်္ဂလိပ်လူမျိုး “ဒီတရုတ်လူမျိုးကို မမြင်ချင်တော့ဘူး”
ပြင်သစ်လူမျိုး “ ကျွန်တော်မျိုးလည်း သူ့ကို မမြင်ချင်ဘူး”
တရုတ်လူမျိုး “သူတို့တောင်းဆိုတာတွေ တစ်ခုမှ မအောင်မြင်ပါစေနဲ့”

အပိုင်း (၄)

အင်္ဂလိပ်နှင့် ပြင်သစ်မှာ လက်သီးကိုဆုတ် အံကိုကြိတ်ပြီး ခရီးဆက်ပြန်သည်။
တစ်နေရာတွင် ပုလင်းတစ်လုံး တွေ့ပြန်သည်။ နတ်သားတစ်ပါး ထွက်လာပြီး
သူတို့(၃)ဦးကို လိုအင်ဆန္ဒ တစ်ခုပဲ
တောင်းဆိုစေသည်။ အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးက တရုတ်လူမျိုးကို
တောင်းဆိုစေပြီး နတ်သားအားလည်း သူ၏ဆန္ဒ
မပြည့်စေရန် တိုးတိုးပြောသည်။

တရုတ်လူမျိုးက “ကျွန်တော်မျိုး တောင်းဆိုချင်တာက သူတို့နှစ်ဦးကို
နေရပ်ပြန်ပို့ပေးလိုက်ပါ။ ကျွန်တော်မျိုးနဲ့ ဒုက္ခခံ
နေတာ မကြည့်ရက်လို့ပါ ” ဟူတည်း။

..............................................................................

by U Kyaw Zay Ya

သူ့ရှိမှာ ငါရစရာ $ 800

မိန်းမ ဖြစ်သူက ရေချိုးခန်းထဲ မှ ထွက်လာပြီးနောက် ယောကျာင်္း ဖြစ်သူက
ရေချိုးခန်းတွင်းသို့ ရေချိုးရန် ၀င်လိုက်လေသည်။ ထိုအခိုက်
တံခါးခေါင်းလောင်း မည်လာလေသည်။ မိန်းမဖြစ်သူလည်း ရေချိုးခန်းသုံး
တဘက်စောင်ကို ကမန်းကတန်း ပတ်ကာ အိမ်အောက်သို့ ခပ်လောလော
ပြေးဆင်းလိုက်သည်။ တံခါးဖွင့်ပေးလိုက်ရာ တဖက်အိမ်မှ "ဘောဘ့်" ဖြစ်နေသည်။
သူမ ဘာမှ မပြောရသေးခင် "ဘော့ဘ်" က ကျေးဇူးပြုပြီး တဘက်စောင်ကို
ဖယ်ပေးပါ.. $800 ပေးပါမယ် ဟုဆိုလေ၏။ သူမ ခဏမျှ မင်သက်သွားပြီး "ဘောဘ့်"
ရှေ့တွင် တဘက်စောင်ကို ဖယ်ပြပြီး ခတ္တ ရပ်နေလိုက်သည်။ စက္ကန့်
အနည်းငယ်ကြာပြီးနောက် "ဘောဘ့်" က $800 ကို ကမ်းပေးလိုက်ပြီး တိတ်ဆိတ်စွာ
ထွက်ခွာသွားသည်။ မိန်းမဖြစ်သူလည်း တဘက်စောင်ကို အမြန်ပြန်ဝတ်ကာ
အပေါ်ထပ်သို့ ပြန်တက်လာသည်။ ရေချိုခန်းနား အရောက်တွင် အထဲမှ
ယောင်္ကျားဖြစ်သူက "ဘယ်သူလဲ" ဟုမေး၏။ ဟိုဘက်အိမ်က "ဘောဘ့်" ပါ... သူမက
ပြန်ဖြေ၏။ ယောင်္ကျားဖြစ်သူက "အင်း... ကောင်းတယ်.. သူ့ဆီမှာ ငါ ရစရာ $800
ရှိတဲ့ အကြောင်း ပြောသေးလား?"
(ကူးယူတင်ပြသည်)

.............................................................................

by Arkar Ko Ko

‎"ချန်ပီယံ"

အိန္ဒိယ၊ဂျပန်နှင့်မြန်မာ သုံးနိုင်ငံ
အဆဲပြိုင်ပွဲကျင်းပ၏။

ပထမဆုံးအိန္ဒိယစင်ပေါ်တက်ဆဲ၏။
၁နာရီခန့်ကြာသွားသည်အထိကုလားဘာသာဖြင့်ဆဲနိုင်သဖြင့် ပရိတ်သတ်များတခဲနက်အားပေးကြ၏။

ဒုတိယဂျပန်တက်ဆဲပြန်၏။
၂နာရီကျော်အောင်မိုးမွှန်စွာဂျပန်ဘာသာဖြင့်အာရပါးရဆဲနိုင်သဖြင့်လက်ခုပ်သံများ
ကွင်းလုံးပြည့် ဆူညံသွားတော့၏။

နောက်ဆုံးမြန်မာ
ကြောက်ကြောက်လန့်လန့်ဖြင့်စင်ပေါ်တက်လာ၏။
ကြောက်ကြောက်နှင့်တက်လာရသည်ဖြစ်၍ ဆဲမည့်နေရာမရောက်ခင်
ခင်းထားသော ကော်ဇောအစဖြင့်ခလုတ်တိုက်လဲကျကာ ယောင်ပြီးမြန်မာဘာသာဖြင့်
ဆဲမိဆဲရာဆဲလိုက်မိရာ ၄နာရီနီးပါးကြာသွား၏။ ထို့နောက် ကုန်းရုန်းထလာကာ
ထိုင်လူကြီးအား အချိန်နောက်ကျမည်စိုးသည့်လေသံဖြင့်

" ဒိုင်လူကြီးခင်ဗျား ကျွန်တော် စဆဲလို့ရပြီလား ဟူ၏။"....:P

...................................................................................

U Kyaw Zay Ya

နားလေးသူမို့ပါ

” ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျား မဟုတ်လား ”
” ဟုတ်ပါတယ် ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စ အဆိုတော်ပါ ”

” ဒါဆို တဆိတ် ကူညီစမ်းပါဗျာ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့
ခပ်ကျယ်ကျယ် အော်ပေးစမ်းပါ။ သူက နားနည်းနည်းလေးလို့..

(ကူးယူတင်ပြသည်)

........................................................................................

by Naka Saki

‎" ပဟေဠိ တိတ်တိတ်ပုန်း"

ပင်လယ်ကမ်းစပ် ရွာတစ်ရွာက အိမ်ရှင်ယောက်ျားတွေဟာ မကြာခဏ
ပင်လယ်ထဲသွားပြီးငါးသွားရှာကြတယ်။

အိမ်ရှင်ယောက်ျားမရှိတဲ့အချိန် မိန်းမတွေက ဖောက်ပြန်ကြတယ်။

ဖောက်ပြန်ပြီးတိုင်းလဲ ဖာသာဆီသွားပြီး အမှားဝန်ခံကြတယ်။

ကြာလာတော့ ဖာသာ က မိန်းမတွေကို နောက်တစ်ခါလာဝန်ခံရင် "ခိုးစားတယ် မပြောဘဲ
ချော်လဲတယ် "လို့ပြောပါ။

"ချော်လဲလာတယ်လို့ပြောရင် ငါသိပြီလို့မှာလိုက်တယ်"

နောက်တော့ ဖာသာ အသက်ကြီးပြီး နောက်ဖာသာ အသစ်တစ်ယောက်
ပြောင်းတယ်။မပြောင်းခင် ရွာသူကြီးကို "ချော်လဲတယ်"ဆိုတဲ့
အဓိပ္ပါယ်ကိုပြောပြပြီး နောက်ဖာသာကိုတော့ ရှင်းပြဖို့ မှာခဲ့တယ်။ ဖာသာ
အသစ်ရောက်တော့သူကြီးက အဲ့ဒီစကား အဓိပ္ပါယ်ကို ဖာသာ အသစ် ပြောပြဖို့
မေ့သွားခဲ့တယ်။

ရွာထဲက မိန်းမတွေက အရင်တိုင်းပဲ ခိုးစားပြီးတိုင်း ဖာသာ
အသစ်ဆီသွားပြီးဝန်ခံကြတယ်။ချော်လဲသူတွေများနေတာကြောင့်ဖာသာက
သူကြီးဆီသွားပြီး မိန်းမတွေ မကြာခဏ ချော်လဲနေတာကြောင့် ရွာထဲက လမ်းတွေ
ပြုပြင်သင့်ကြောင်း ပြောပြတယ်။ဖာသာ စကားကိုကြားတော့သူကြီးက ထ
ရယ်တယ်။အားရပါးရ ရယ်နေတဲ့ သူကြီးကိုကြည့်ပြီး ဖာသာ နားမလည်စွာနဲ့
ထအော်တယ်။

"သူကြီး...ခင်ဗျား ဘာရယ်နေတာလဲ ...ဒီတစ်ပါတ်အတွင်း ခင်ဗျားမိန်းမ
ချော်လဲတာ ၃ ခါရှိပြီဗျ..ကျူပ်က စေတနာနဲ့ပြောတာ ခင်ဗျားက ဘာလို့
ရယ်နေရတာလဲ လို့" ဟူသတည်း။

.......................................................................

သင်္ချာဆရာ - A=B, B=C, A=C ဆိုတာကို ဆရာကို ဥပမာလေးနဲ့ပြောပြပါ..
Mr. Jugger - ဟုတ်ကဲ့ပါဆရာ...ဖြေပါ့မယ်ဆရာ...ကျွန်တော်က ဆရာ့ကိုချစ်တယ်...
                  ဆရာက ဆရာ့သမီးကိုချစ်တယ်ဆိုရင် ကျွန်တော်က ဆရာသမီးကို
ချစ်တယ်ဆိုတဲ့ သဘောအတိုင်းပါခင်ဗျား :D

........................................................................

.............အားလုံးရယ်မောပျော်ရွှင်နိုင်ကြပါစေ

Post a Comment

Blogger Disqus
  1. တကယ် ကောင်းတဲ့ဟာသ လေးတွေ ပါပဲ။ ကျွန်တော် ကတော့  ကြိုက်လို့ ကူးယူထားတယ်ဗျာ ။ တစ်ချို့ဟာတွေကိုပေါ့ ။ ခွင့် ပြုနော် အကို

    ReplyDelete
  2. ကြိုက်လို့ကူးထားလိုက်တယ်နော်

    ReplyDelete
  3. ကြိုက်လို့ကူးထားလိုက်တယ်

    ReplyDelete

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...